ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ ရုပ်သံ ဇာတ်လမ်းတွဲ Mntv ရုပ်သံလိုင်း၌ ဇူလိုင်လတွင် စတင် ပြသမည်

ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ ရုပ်သံ ဇာတ်လမ်းတွဲ Mntv ရုပ်သံလိုင်း၌ ဇူလိုင်လတွင် စတင် ပြသမည်
Photo credit -သရုပ်ဆောင် ထွန်းထွန်း (Htin Aung Tun Facebook)

ရန်ကုန် ၊ ဧပြီ ၂၅ ။            ။ Myanmar Media 7 မှ စီစဉ် ရိုက်ကူး ပုံဖော် သည့် ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ အမည်ရှိ မြန်မာရုပ်သံ ဇာတ်လမ်းတွဲ ကို နှစ်ဆန်း နှစ်ရက်တွင် စတင် ရိုက်ကူး ခဲ့ပြီး ဇူလိုင် ဒုတိယအပတ်တွင် Mntv ရုပ်သံလိုင်း၌ စတင် ပြသ သွားမည် ဖြစ်သည်။

 ရုပ်သံ ဇာတ်လမ်းတွဲ ကို နှစ်ဆန်း နှစ်ရက် မှ စတင်ပြီး ပြင်ဦးလွင်တွင် ရိုက်ကူး နေပြီ ဖြစ်ကာ မေ ၁၆ရက် အထိ ရိုက်ကူး သွားမည် ဖြစ်ပြီး ကျန်ဇာတ်ဝင်ခန်းများကို ရန်ကုန်တွင် ဆက်လက် ရိုက်ကူး သွားမည် ဖြစ်သည်။

Myanmar Media 7 အနေဖြင့် မြန်မာ ရုပ်သံ ဇာတ်လမ်းတွဲ နှစ်ခု ဖြစ်သည့် ချာမ်း နှင့် ရွှေမိုးငွေမိုးသွန်းဖြိုး လို့ရွာ တို့ကို ရိုက်ကူး လျက် ရှိပြီး ချာမ်း အမည်ရှိ ရုပ်သံ ဇာတ်လမ်းတွဲ ကိုတော့ လက်ရှိတွင် Mntv ရုပ်သံလိုင်းနေသည်။

Myanmar Media 7 မှ ကိုဝေမင်းမောင် က "ချာမ်း ဇာတ်လမ်းတွဲ ကို ပရိသတ် တွေကော အနုပညာရှင် တွေကပါ စိတ်ဝင်စားကြတဲ့ အတွက် ကျေနပ် ပါတယ်။ လက်ရှိကတော့ ချာမ်းက ရိုက်ကူးပြီးစီးဖို့ ၃ပိုင်း ကျန် သေးတယ် ။ ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ ဇာတ်လမ်းတွဲ ကတော့ အခု စရိုက်နေပါပြီ" ဟု ပြောသည်။

ရွှေမိုးငွေမိုး သွန်းဖြိုးလို့ရွာ ဇာတ်လမ်းတွဲသည် မိဘမဲ့ကျောင်းက ထွက် လာသည့်  လူငယ် သုံးဦး မှ မြို့တက် အလုပ်လုပ်ကြရင်း သူတို့၏ အလွဲများ ၊ သူတို့၏ ဘဝများ ၊ သူတို့ ၏ အချစ်တွေကို ပုံဖော် ရိုက်ကူးမည့် ဇာတ်လမ်း ဖြစ်သည်။  

ထို ဇာတ်ကားကို ဒါရိုက်တာ သြရသ မှ ရိုက်ကူး ပုံဖော်လျက် ရှိပြီး သရုပ်ဆောင်များ အဖြစ် မင်းမော်ကွန်း ၊ ထွန်းထွန်း ၊ ရဲလေး ၊ ဂျိုကာ နှင့် နန်းမြတ်ဖြိုးသင်း တို့မှ ပါဝင် သရုပ်ဆောင် ထားကြသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly