မက်ဆီကို အံ့အားသင့်သွားစေတဲ့ ပရိသတ်မလေး

မက်ဆီကို အံ့အားသင့်သွားစေတဲ့ ပရိသတ်မလေး

ဧပြီ ၁၊ ချီလီ ။               ။ ပြီးခဲ့တဲ့ အပတ်က အာဂျင်တီးနားအသင်းဟာ ချီလီနိုင်ငံကို သွားရောက်ပြီး ချီလီလက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းချီလီနိုင်ငံကို ရောက်ရှိနေခိုက်မှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကို အံ့အားသင့်သွားစေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။

ကာလာမီရန်ဒါလို့ ခေါ်တဲ့ ချီလီသူလေးက မက်ဆီကို အသည်းစွဲအောင်ကြိုက်တဲ့ ပရိသတ်တစ်ဦးပါ။ သူမက မက်ဆီ ချီလီနိုင်ငံကို ရောက်ခိုက်မှာ တွေ့ဆုံခွင့်ရဖို့အတွက် အာဂျင်တီးနားအသင်းတည်းတဲ့ ဟိုတယ်မှာ ကြိုတင်အခန်းမှာယူထားခဲ့ပါတယ်။

မက်ဆီနဲ့တွေ့တဲ့အချိန်မှာတော့ မီရန်ဒါက သူမရဲ့ ပေါင်ကို လှန်ပြပြီး မက်ဆီကို အံ့အားသင့်စေခဲ့ပါတယ်။ ဖြူဖွေးနေတဲ့ မီရန်ဒါရဲ့ ဘယ်ဘက်ပေါင်မှာ ကမ္ဘာကျော်ဘောလုံးသမားရဲ့ မျက်နှာကို တက်တူးထိုးထားတာပါ။

မက်ဆီနဲ့တွေ့ဆုံလိုတဲ့ မီရန်ဒါရဲ့ အိပ်မက် အမှန်တကယ် ဖြစ်လာခဲ့သလို မက်ဆီလည်း အမှန်တကယ် အံ့အားသင့်ခဲ့ရပါတယ်။

ခြေစစ်ပွဲမှာတော့ အိမ်ရှင် ချီလီက အာဂျင်တီးနားအသင်းကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

Ref: Marca

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly