ဂျိုဟန်ခရိုက်ဖ်အား ဂုဏ်ပြုသည့်အနေဖြင့် ဟော်လန်-ပြင်သစ် ခြေစမ်းပွဲ ပွဲချိန် ၁၄ မိနစ်တွင် တစ်မိနစ် ငြိမ်သက်မည်

ဂျိုဟန်ခရိုက်ဖ်အား ဂုဏ်ပြုသည့်အနေဖြင့် ဟော်လန်-ပြင်သစ် ခြေစမ်းပွဲ ပွဲချိန် ၁၄ မိနစ်တွင် တစ်မိနစ် ငြိမ်သက်မည်

မတ် ၂၅၊ အမ်စတာဒမ် ။             ။ ဂန္ထဝင်ဘောလုံးသမားကြီး ဂျိုဟန်ခရိုက်အား ဂုဏ်ပြုသည့်အနေဖြင့် ဟော်လန်-ပြင်သစ် ခြေစမ်းပွဲစဉ်တွင် ပွဲချိန် ၁၄ မိနစ်၌ တစ်မိနစ်ငြိမ်သက်ရန်   ဟော်လန်ဘောလုံးအဖွဲ့ချုပ်မှ စီစဉ်လျက်ရှိသည်။

အသက် ၆၈ နှစ်အရွယ်ရှိ ဟော်လန်နိုင်ငံ၏ ဂန္ထဝင်ကစားသမားကြီး ဂျိုဟန်ခရိုက်ဖ်သည် အဆုတ်ကင်ဆာရောဂါဖြင့် ပြီးခဲ့သည့် ကြာသပတေးနေ့က ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် ဟော်လန်ဘောလုံး အဖွဲ့ချုပ်က   ၎င်းတို့၏ ဂန္ထဝင်ကစားသမားကြီးအတွက် ဂုဏ်ပြုရန် စီစဉ်နေခြင်း ဖြစ်သည်။

ဂျိုဟန်ခရိုက်သည် ဟော်လန်လက်ရွေးစင်အသင်းတွင် ကျောနံပါတ် ၁၄ ကို ဝတ်ဆင်ကစားခဲ့သူဖြစ်ပြီး နည်းပြဖြစ်လာသည့်အချိန်တွင် total football ကစားနည်းကို တီထွင်ကာ ဘောလုံးလောကကို တစ်ခေတ်ဆန်းစေခဲ့သူဖြစ်သည်။

'ဘရပ်ဆဲလ်လေဆိပ် အကြိမ်းဖက်တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပွဲမစခင်မှာ တစ်မိနစ်ငြိမ်သက်မှာပါ။ ပြီးရင် ပွဲချိန် ၁၄ မိနစ်မှာ ခရိုက်အတွက် ဝမ်းနည်းခြင်းနဲ့အတူ ဂုဏ်ပြုတဲ့အနေတဲ့ တစ်မိနစ် ငြိမ်သက်သွားမှာပါ' ဟု ဟော်လန်ဘောလုံးအဖွဲ့ချုပ်၏ ဒါရိုက်တာ ဘတ်ဗန်အောစတီဗန်က ပြောသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ကစားခဲ့သော ဖီယင်နုနှင့် ရော်သာဒမ်တို့၏ ခြေစမ်းပွဲစဉ်တွင်လည်း ခရိုက်ဖ်အား ဂုဏ်ပြုသည့်အနေဖြင့် ပွဲချိန် ၁၄ မိနစ်တွင် ပွဲရပ်နားကာ တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။

ဝင်ဘလေကွင်းတွင် ကစားမည့် အင်္ဂလန်နှင့် ဟော်လန်တို့၏ ခြေစမ်းပွဲစဉ်တွင်လည်း ခရိုက်ဖ်အား အောက်မေ့သတိရခြင်းဖြင့် ဂုဏ်ပြုရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှ စီစဉ်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly