နယ်သာလန်မှ မြေသားအရည်အသွေး ဆန်းစစ်မှုကိရိယာ လှူဒန်း

နယ်သာလန်မှ မြေသားအရည်အသွေး ဆန်းစစ်မှုကိရိယာ လှူဒန်း

ရန်ကုန်၊ဇန်နဝါရီ ၁၈ ။               ။ လယ်ယာစိုက်ပျိုးရေနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာနကို နယ်သာလန်နိုင်ငံ နိုင်ငံတကာပူပေါင်းဆောင်ရွက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး Mrs. Reina Buijs က တာ/တမံစစ်ဆေးရာတွင် အသုံးပြုသည့် Prikstok မြေသားအရည်အသွေး ဆန်းစစ်မှုကိရိယာ အခု ၁၅၀ကို လှူဒါန်းခဲ့ကြောင်း နယ်သာလန်သံရုံးထုတ်ပြန်ချက်အရသိရသည်။

ရိုးရှင်းသည့်ကိရိယာတစ်ခုဖြစ်ပြီးနယ်သာလန်နိုင်ငံတွင်ရှိသော မြစ်ဝကျွန်းပေါ်ဒေသများ၏ တာ/တမံများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် တာရှည်ခံနိုင်ဝန်အားကိုစမ်းသပ်စစ်ဆေးနိုင်သည့် အတွက် အလွန်အသုံးဝင်သည့် ကိရိယာတစ်ဖြစ်ကြောင်းယင်းအပြင် ရေစိမ့်လွှာများကြွက်တွင်းများနှင့်ခြတွင်းများကို တာ/တမံများအတွင်း ရှာဖွေရာတွင် အလွန်အသုံးဝင်သော ကိရိယာ သိရသည်။

ယင်းကိရိယာပေးအပ်လှူဒန်းခြင်းအားဖြင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်နယ်သာလန်နိုင်ငံတို့အကြား ရေအရင်းမြစ်ဖွံ့ဖြိုးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုဖော်ဆောင်ခြင်းတစ်ရပ်လည်းဖြစ်ကြောင်း၊ရေလွှမ်းမှုဖြစ်စဉ်များ နှင့်မြန်မာနိုင်ငံရှိ မြစ်ဝကျွန်းပေါ်ဒေသ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံမှုများအတွက်လည်း အဓိကကျသော အထိမ်းအမှတ်အဖြစ် ပုံဖော်ပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံနှင့် နယ်သာလန်တို့သည့် နှစ်စဉ်ရေလွှမ်းမိုးမှု ရင်ဆိုင်ကြုံတွေ့ရသော အချက်များတူညီကြကြောင်း၊ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတွင်ရေလွှမ်းမိုးမှုဖြစ်ခဲ့ပြီး တစ်လအကြာတွင် ယင်းဖြစ်စဉ်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးဆိုင်ရာအဖွဲ့ များစေလွှတ်ခဲ့ကြောင်း သိရသည်။

နယ်သာလန်နိုင်ငံအနေဖြင့် ရေအရင်းမြစ်ဆိုင်ရာပူးပေါင်းဘက်စုံပူးပေါင်းစီမံခန့်ခွဲများ ကို အကူအညီပေးရန်သဘောတူညီထားမှု၏ အကျိုးဆက်အဖြစ် မဟာဗျူဟာမောက်ရေအရင်းအမြစ်ဆိုင်ရာ ဘက်စုံပူးပေါင်းစီမံခန့်ခွဲတိုးတက်မှု အစီအရင်ခံစာကို ၂၀၁၄ခုနှစ်တွင်လည်ကောင်း ၊ လူစွမ်းအားအရင်းအမြစ်မြှင့်တင်ခြင်းဆိုင်ရာအစီအစဉ်ကို မြန်မာနိုင်ငံအတွင်းရှိ နည်းပညာ တက္ကသိုလ်များတွင် လေ့လာသင်ယူရင်း လုပ်ငန်းဆောင်ရွက်သည့် စီမံကိန်းများကို ၂၀၁၅ခုနှစ်တွင်ပြုလုပ်ခဲ့ပြီး ၂၀၁၆ခုနှစ်တွင်လည်း  မဟာဗျူဟာမြောက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အစီအမံများကို ဆက်လက်ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly