ရည်းစားဦး ရုပ်ရှင် ဇာတ်ကား ဒီဇင်ဘာ ၁၈ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် ပြသမည်

ရည်းစားဦး ရုပ်ရှင် ဇာတ်ကား ဒီဇင်ဘာ ၁၈ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် ပြသမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁ ။      ။ မဟော်ဂနီ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးထားသည့် ရည်းစားဦး ရုပ်ရှင် ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၈ ရက်မှ စတင်ပြီး ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် ရုံတင် ပြသတော့မည် ဖြစ်သည်။

ရည်းစားဦး ရုပ်ရှင် ဇာတ်ကားတွင် ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင် ဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူး ပုံဖော်ထားကာ သရုပ်ဆောင်များအဖြစ် အလင်းရောင်၊ ရဲအောင်၊ သဉ္ဇာနွယ်ဝင်း၊ အားဝေ၊ စည်သူဝင်း၊ ထက်ထက်ထွန်း နှင့် သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ထားသည်။

ဇာတ်လမ်း အမျိုးအစားမှာ ခေတ်ပြိုင် လူငယ်တို့၏ ဘဝသရုပ်ဖော် နှင့် ချစ်ခြင်းဖွဲ့ မေတ္တာ ဇာတ်လမ်း ဖြစ်သည်။ ဇာတ်လမ်း၏ ရည်ရွယ်ချက်မှာ ယနေ့ခေတ် လူငယ်များ လွတ်လပ်စွာ ပြုမူပြော ဆို နေထိုင်ခြင်းများသည် လူကြီးများ အတွက် အမြင်စောင်းစရာ ဖြစ်နေတတ်သေ်ာလည်း တကယ်တမ်း သူတို့၏ နေ့စဉ်ဘဝများတွင် အခက်အခဲများ၊ ဒုက္ခများဖြင့် ပြည့်နှက်နေသော လောကကို အရွဲ့တိုက်ချင်သည့် စိတ်ဓာတ်မျိုး ရှိနေတတ်ကြောင်း ၊ လူငယ် တစ်ယောက်၏ ဘဝတွင် ဖြစ်သန်းခဲ့ရသည့် မိသားစုဘ၀ ပတ်ဝန်းကျင်သည် အင်မတန် အရေးကြီးကြောင်း ၊ အုပ်ထိန်းသူ နှင့် မိဘများက ဆိုဆုံးမမှု မရှိဘဲ ကိုယ့်ဘဝကိုယ် ဖြတ်သန်း ရင်ဆိုင်ခဲ့ရသော လူငယ်များတွင် စိတ်ဒဏ်ရာ အကြီးအကျယ် ရရှိကာ လူဆိုး၊ လူမိုက် တစ်ဦး ဖြစ်သွားစေတတ်ကြောင်း၊ မိဘနှင့် သားသမီးကြား ၊ ချစ်သူရည်းစား စုံတွဲများကြားတွင် မိမိဆန္ဒ၊ မိမိ အတ္တကို ရှေ့တန်းတင်ပြီး ကိုယ်ဖြစ်စေချင်သည့် အတိုင်း ဇွတ်အတင်း ပုံသွင်းယူ၍ မရကြောင်း၊ စစ်မှန်သည့် မေတ္တာ တရားသည် မိမိချစ်မြတ်နိုးသော သူ၏ ဘဝကို ပျော်ရွှင် ချမ်းမြေ့လာအောင်၊ သာယာ လှပအောင် ဖန်တီးပေးခြင်းသာ ဖြစ်ကြောင်း သိစေလိုသည့် ရည်ရွယ်ချက်များ ပါရှိသည်။

ထိုဇာတ်ကားတွင် ဖြူလေး အဖြစ် သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းမှ ပါဝင် သရုပ်ဆောင်ထားပြီး ဒေါ်နှင်းဖြူ အဖြစ် အားဝေမှ သရုပ်ဆောင်ထားသည်။ ဝေယံအဖြစ် သရုပ်ဆောင် အလင်းရောင်မှ ပါဝင် သရုပ်ဆောင်ထားသည်။

ရည်းစားဦး ရုပ်ရှင် ဇာတ်ကားကို နိုဝင်ဘာ ၂၇ ရက်တွင် နေပြည်တော်ရှိ JCGP ၊ အောင်သပြေ ၊ ဇေယျာသီရိ အဆင့်မြင့် ရုပ်ရှင်ရုံတို့တွင် စတင်ပြသလျက်ရှိပြီး ဒီဇင်ဘာ ၁၈ရက်တွင် ရန်ကုန် ၊ မန္တလေး အဆင့်မြင့် ရုပ်ရှင်ရုံများတွင် စတင် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly