ဆိုက္ကားသမားတွေရဲ့ NLD အပေါ်ထားတဲ့ မျှော်လင့်ချက်

ရန်ကုန် စက်တင်ဘာ ၂၉။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်၏ အမတ်လောင်းတစ်ဦးဖြစ်သူ ဒေါ်ဖြူဖြူသင်းအတွက် ပါတီ အောင်နိုင်ရေး အဖွဲ့ဝင်များက စက်တင်ဘာ ၂၇ ရက်တွင် မြို့နယ်အတွင်း လှည့်လည်စည်းရုံးမည်ဖြစ်ရာ အနှေးယာဉ် လုပ်သား (ဆိုက္ကား ဆရာ) အယောက် ၂၀၀ လည်း ပူးပေါင်းပါဝင်မည်ဟုဆိုသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ရထားရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ် အနှေးယာဉ်လုပ်သား ဦးစိုးဝင်းက ဒီထက်မက နင်းလို့ မပြားတော့ဘူးဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မျှော်လင့်ချက်ဖြင့် အားပေးခြင်းဟု သူကဆိုသည်။

" ဒီထက်မက နင်းလို့ မပြားတော့ဘူး၊ အဲဒီတော့ အစိုးရသစ ်တက်လာရင် ဒီထက်မကောင်းလည်း ကျေနပ်တယ်။ အခုအသက် ၅၀ကျော်နေပြီ အခုချိန်ထိ ကောင်းမှမကောင်း သေးတာ၊ နောက်အစိုးရတက်လာရင် ကျေနပ်တယ်" ဟုဆိုသည်။

စက်တင်ဘာ ၂၆ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ကြံ့ခိုင်ရေး ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမတ်လောင်းများလည်း စည်းရုံးရေး ဆင်းခဲ့သေးသည်။ သို့သော် ""သူတို့ ဆင်းလည်း ဆင်းပဲ ကိုယ်တွေမှာရှိပြီးသား NLD ပဲ မဲပေးမှာ၊ ကျွန်တော်မိသားစု ၇ ဦးလုံးက NLD ပဲ၊ နက်ဖြန်တောင် ဆိုက္ကားအစီး ၂၀၀နဲ့ မင်္ဂလာတောင်ညွန့်ကို ပတ်မယ်။ အောင်ဆန်းကွင်းကစပြီး ထွက်မှာ။ မင်္ဂလာ တောင်ညွန့်ထဲ ဆွဲနေတဲ့ ဆိုက္ကားတွေချည်းပဲ" အနှေးယာဉ်မောင်း ဦးချစ်ဝင်းက ပြောသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို NLD က ၁၁၃၀ ဦးဖြင့် ဝင်ရောက်ပြီး အတိုက်အခံပါတီကမူ ၁၁၁၅ ထိ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags