လေကြောင်း တိုက်ခိုက်မှုအတွင်း အာဖဂန်ရှိ အယ်လ်ခိုင်ဒါ ထိပ်တန်း တပ်မှူးတစ်ဦး ထပ်မံသေဆုံးဟု ပင်တဂွန်ပြောကြား

လေကြောင်း တိုက်ခိုက်မှုအတွင်း အာဖဂန်ရှိ အယ်လ်ခိုင်ဒါ ထိပ်တန်း တပ်မှူးတစ်ဦး ထပ်မံသေဆုံးဟု ပင်တဂွန်ပြောကြား
အာဖဂန်တွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ- LHVNEWS

ဝါရှင်တန်၊ ဇူလိုင် ၂၄ ။        ။ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် အယ်လ်ခိုင်ဒါ၏ အသေခံ ဗုံးခွဲမှုများကို ကြီးကြပ်သည့် အကြီးတန်း အယ်လ်ခိုင်ဒါတပ်မှူးတစ်ဦး ထပ်မံ သေဆုံးခဲ့သည်ဟု ပင်တဂွန်က ပြောသည်။

ဇူလိုင်လ ၁၁ ရက်က ပက်တီကာပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှုတွင် အယ်လ်ခိုင်ဒါ အဆင့်မြင့်တပ်မှူးတစ်ဦးဖြစ်သူ အဘူခါလစ်လ်အယ်လ်ဆူဒါနီ သေဆုံးခဲ့သည်ဟု အမေရိကန်စစ်တပ် က အီရတ်ရှိ သတင်းထောက်များသို့ ထုတ်ပြန် ခဲ့သောကြေ ညာချက်တွင် ဖော်ပြထားသည်။

အယ်လ် ဆူဒါနီသည် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော အကြမ်းဖက် အစွန်းရောက် သုံးဦးအနက် တစ်ဦး ဖြစ်ပြီး အယ်လ်ဆူ ဒါနီသေဆုံးမှုက ကမ္ဘာတစ်ဝန်းအယ်လ်ခိုင်ဒါတို့၏ စစ်ဆင်ရေးများ ကိုနောက်ထပ်လျော့ပါး သွားစေမည် ဟုကြေညာချက် တွင်ဖော်ပြထားသည်။

အယ်လ်ဆူဒါနီသည် အမေရိကန်ကို တိုက်ခိုက်မည့် ကြံစည်မှုများတွင် တိုက်ရိုက်ပတ်သက် နေသူ ဖြစ်သည်ဟု ဆိုသည်။

“သူဟာ ညွန့်ပေါင်းအဖွဲ့ အာဖဂန်နဲ့ ပါကစ္စတန် တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မယ့် စစ်ဆင်ရေးတွေကို ညွန်ကြားပါတယ်။ ပြီးတော့ အယ်လ်ခိုင်ဒါ ခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟာရီနဲ့ အနီးကပ် ပေါင်းစည်းဖို့လည်း လုပ်ခဲ့ပါတယ်” ဟုကြေညာချက် တွင်ဖော်ပြသည်။

အယ်လ်ဆူဒါနီကို သုတ်သင်နိုင်ခြင်းသည် အာဖဂန်ရှိ နေတိုးတပ်ဖွဲ့ဝင်များ၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဂျွန်ကမ်ဘဲလ်၏ စွမ်းဆောင်ရည် ကို မီးမောင်းထိုးပြနေသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး မစ္စတာကာတာက ပြောသည်။

ပြိုင်ဘက် အိုင်အက်စ်အုပ်စုမှ ဂျီဟတ်ဝါဒီများနှင့် ယှဉ်ပြိုင်နေရစဉ် အယ်လ်ခိုင်ဒါတို့မှာ မကြာသေးမီလများအတွင်း ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရပြီး ၎င်းတို့၏ တပ်မှူးအချို့လည်း သေဆုံး ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly