တိုင်းရင်းသားပါတီများကြောင့် ဒေါ်အောင် ဆန်းစုကြည်ပါတီ အခက်အခဲရှိလာနိုင်

တိုင်းရင်းသားပါတီများကြောင့် ဒေါ်အောင် ဆန်းစုကြည်ပါတီ အခက်အခဲရှိလာနိုင်

ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မြန်မာတိုင်းရင်းသားလူနည်းစုများကို ကိုယ်စားပြုသည့် တိုင်းရင်းသား ပါတီများက မဲနေရာများ အတော်အသင့်ရရှိလာနိုင်ရာ ဒီမိုကရေစီစံပြ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ပါတီ ရည်မှန်းချက် အတွက် အခက်အခဲဖြစ်လာနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲပြီးနောက် လွှတ်တော်အတွင်း အမတ်နေရာများစွာရရှိရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကြိုတင်မဲခန့်မှန်းချက်မရှိသော်လည်း သုတေသီများက လူများစုဖြစ်သည့် ဗမာအများစုရှိရာ နယ်မြေများတွင် စစ်တပ်ထောက်ခံသည့် သမ္မတဦးသိန်းစိန်၏ USDP ပါတီကို ယှဉ်ပြိုင်အနိုင်ရလိမ့်မည်ဟု ခန့်မှန်းကြသည်။

သို့သော်လည်း တိုင်းရင်းသားနယ်မြေများတွင် နိုင်ငံ၏ ကျန်တိုင်းရင်းသားလူမျိုးစု ၁၃၄ မျိုးကို ကိုယ်စားပြုသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများကသာ အနိုင်ရနိုင်ပြီး NLD ပါတီ၏ အနိုင်ရကာ အစိုးရဖွဲ့နိုင်မည့် ရည်မှန်းချက်အတွက် အကျပ်အတည်းဖြစ်စေမယ့် တတိယအင်အားစုသဖွယ်ဖြစ်လာဖွယ်ရာရှိသည်။

မည်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးမဆို လွတ်တော်အမတ် ၆၆၄ ဦး၏ လေးပုံသုံးပုံ အဆိုပြုမှ စတင်နိုင်သည်ဖြစ်ရာ တိုင်းရင်းသားပြည်နယ် ခုနစ်ခုမှ အမတ်များက လွတ်တော်တွင် ၃၀ ရာခိုင်နှုန်းရှိနေခြင်းဖြစ်သည်။

" ရွေးကောက်ပွဲ တရားမျှတစွာ ယှဉ်ပြိုင်မယ်ဆိုရင် တိုင်းရင်းသားပါတီတွေက ၎င်းတို့ နယ်မြေမှာ မဲပိုပြီး ရမှာဖြစ်ပါတယ်။ တကယ်လို့ လွှတ်တော်တွင်းမှာ တိုင်းရင်းသားပါတီတွေ နေရာတော်တော်များများ ရရှိပြီဆိုရင် အာဏာအလျှော့အတင်းအတွက် ပိုပြီး လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။"ဟု တိုင်းရင်းသားခေါင်းဆောင်များနှင့် မကြာသေးမီက တွေ့ဆုံခဲ့သည့် US Campaign for Burma မှ အမှုဆောင်ဥက္ကဌ Simon Billenness ကပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly