တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကမ္ဘာ့သတင်း > အိုလံပစ် ပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရလဒ်များ မကောင်း

အိုလံပစ် ပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရလဒ်များ မကောင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ ၂၀၁၂ ခုနှစ်၊လန်ဒန် အိုလံပစ် ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ အားကစားသမားများသည် လက်ရှိအချိန်တွင် ရလဒ်များ ဆိုးရွားလျက်ရှိပြီး ပါဝင်ယှဉ်ပြိုင်နေသည့် ကစားသမား
ခြောက်ဦးတွင် လေးဦးအထိ ပြိုင်ပွဲကိုယ်စီမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

မြန်မာ အားကစားအဖွဲ့အနေဖြင့် လန်ဒန် အိုလံပစ်ပြိုင်ပွဲတွင် ကစားနည်း ငါးမျိုး၌ ကစားသမား ခြောက်ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သေနတ်ပစ်၊ ဂျူဒို၊ လှေလှော်၊ ပြေးခုန်ပစ်နှင့် မြှားပစ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ကြသည်။

သေနတ်ပစ်အားကစားတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မောင်ကြူးမှာ အမျိုးသား ၁၀ မီတာ လေပစ္စတို ပြိုင်ပွဲ၏ လက်ရည်စစ်ပွဲစဉ်တွင် အဆင့် ၃၉ သာ ရရှိခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

မြှားပစ် ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသော နေမျိုးအောင် သည်လည်း ၁၆ ဦး ရှုံးထွက်အဆင့်တွင် ယူကရိန်း
မြှားပစ်သမား အိုင်ဗာရှက်အား ၇-၁ ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွါခဲ့ရသည်။

အမျိုးသမီး တဦးချင်း လှေလှော်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရွှေစင်လတ်မှာမူ Heat 4 အဆင့် ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့၍ နောက်တဆင့်တက်ရောက်ခွင့်နှင့် လွဲချော်ခဲ့ပြီး Final E ပြိုင်ပွဲကိုသာ ၀င်ရောက် ယှဉ်ပြိုင်ရတော့မည်
ဖြစ်သည်။

ထို့အပြင် သြဂုတ်လ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ၇၈ ကီလိုတန်း ဂျူဒိုပြိုင်ပွဲ၏ ဒုတိယအဆင့် ပြိုင်ပွဲတွင်
မြန်မာအားကစားမယ် အေးအေးအောင် သည် တရုတ်အားကစားမယ် ယန်ဇီလီ အား ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်
အဆင့်သို့ တက်ရောက်ခွင့်နှင့် လွဲချော်ခဲ့ရသည်။

လန်ဒန် အိုလံပစ်ပြိုင်ပွဲ၏ မာရသွန်ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ပြေးခုန်ပစ် အားကစားသမား သက်ဇော်ဝင်းနှင့် နီလာစန်းတို့မှာမူ ပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ရန် ကျန်ရှိနေသေးသည်။

သြဂုတ်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ကျင်းပမည့် ပြေးခုန်ပစ်ပြိုင်ပွဲများ၌ သက်ဇော်ဝင်း က အမျိုးသားမီတာ ၄၀၀ ပြိုင်ပွဲနှင့် နီလာစန်း က အမျိုးသမီး မာရသွန်ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 127 guests online