သတင်း ဒေသန္တရသတင်း မဲပေးချိန် သံရုံးလုပ်ငန်းများ နားမည်
မဲပေးချိန် သံရုံးလုပ်ငန်းများ နားမည် Print E-mail
မဇ္ဈိမသတင်းဌာန   
စနေနေ့၊ ဧပြီလ 26 2008 00:34 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် အခြေခံ ဥပဒေ မူကြမ်းအပေါ် ဆန္ဒမဲ ပေးရက်များအတွင်း သံရုံးလုပ်ငန်းတချို့ ရပ်နားထားမည် ဖြစ်သည်။

ဧပြီ ၂၅ ရက်မှ ၂၉ ရက်အထိ သံရုံးတွင် မြန်မာနိုင်ငံသားများထံမှ ဆန္ဒမဲ ကောက်ခံခြင်း လုပ်ဆောင်မည် ဖြစ်သည့်အတွက် မြန်မာပြည်သို့ အလည်အပတ် သွားရောက်လိုသူများ ဗီဇာလျှောက်ခြင်းနှင့် မြန်မာနိုင်ငံသားများ ပတ်စ်ပို့ သက်တမ်းတိုးသည့် လုပ်ငန်းများကို ရပ်ဆိုင်းထားသည်။

visa-info.jpg

"ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကြိုတင်ဆန္ဒမဲပေးရန် ကိစ္စများ ဆောင်ရွက်ရန် ရှိ၍ အဆိုပါနေ့များတွင် သံရုံးလုပ်ငန်းများကို ခေတ္တ ရပ်နားထားမည်" ဟု သံရုံး၏ ကြေငြာစာတွင် ဖော်ပြထားသည်။

ယနေ့ နံနက် ၉ နာရီမှ စတင်၍ ဖိတ်ခေါ်စာ ရထားသူများ မဲပေးခဲ့ကြသည်။

"ထောက်ခံတာတွေ၊ ကန့်ကွက်တာတွေ ပြောမနေနဲ့။ အလွယ်ဆုံး ပြောလိုက်မယ်။ လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ရေးဆွဲထားတဲ့ အခြေခံဥပဒေ မဟုတ်လို့ ကန့်ကွက်တယ်။ ဒါပါပဲ" ဟု မဲပေးခဲ့သူတဦးက ပြောသည်။

သို့သော်လည်း ထောက်ခံမဲ ထည့်သူများလည်း ရှိသည်။ "အခြေခံ ဥပဒေမူကြမ်းကို ထောက်ခံလားဆိုတော့ ကျမတို့က အမှန်ပဲ ခြစ်ခဲ့တယ်။ ကျမတို့မှ မသိမှ မသိတာ။ သူများက ထောက်ခံတယ် ဆိုတော့လည်း ထောက်ခံလိုက်တာပေါ့" ဟု အခြားမဲ ပေးခဲ့သူတဦးက ပြောသည်။

မဲပေးလိုသူသည် သံရုံးမှ ပို့လိုက်သော မဲပေးရန် ဖိတ်ခေါ်စာအပြင် အမည်၊ နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ လိုအပ်သည်။

သံရုံးမှ အကြောင်းကြားစာ ပို့ထားသူ လူဦးရေ ၁၃၀၀၀ ရှိသည်ဟု ပြောသော်လည်း ယနေ့တွင် လာရောက်သူ အများစုမှာ အကြောင်းကြားစာ မရကြဟု ပြောဆိုကြသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved