သတင်း ဒေသန္တရသတင်း အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ဒေါ်စုကို ချီးမြှင့်
အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ဒေါ်စုကို ချီးမြှင့် Print E-mail
နေသွင်   
သောကြာနေ့၊ ဧပြီလ 25 2008 18:47 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြင့်ဆုံး အရပ်ဘက် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရန် အမေရိကန်အထက် လွှတ်တော်က ယမန်နေ့က တခဲနက် သဘောတူညီခဲ့ကြသည်။

လူသားအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူများကို ပေးအပ်လေ့ ရှိသော အဆိုပါ (Congressional Gold Medal) ဆုကို ယခင်က ၀င်စတားချာချီ၊ ပုပ်ဂျွန်ပေါလ် (၂)၊ မာသာထရီဇာ၊ နယ်ဆင်မန်ဒဲလ်လား၊ တိုနီဘလဲ နှင့် တို့ကို ချီးမြှင့်ခဲ့သည်။

၁၇၇၆ ခုနှစ်ကတည်းက ပေးအပ်သော ဆု၏ ပထမဆုံး ဆုရှင်မှာ ပထမဆုံး အမေရိကန် သမတဖြစ်သူ ဂျော့ ၀ါရှင်တန် ဖြစ်ပြီး လောလောလတ်လတ် ဆုရရှိထားသူမှာ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား ဖြစ်သည်။

ဆုကို အစောပိုင်းတွင် စစ်ခေါင်းဆောင်များကိုသာ ရွေးချယ် ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် သိပ္ပံပညာရှင်များ၊ စူးစမ်း ရှာဖွေသူများ၊ အနုပညာရှင်များ၊ အားကစားသမားများနှင့် လူသားကောင်းကျိုးအတွက် ထူးထူးချွန်ချွန် ဆောင်ရွက်သူများကို တိုးချဲ့ပေးအပ်လာရာ ယခုအခါ အမေရိကန်နှင့် အမေရိကန် မဟုတ်သူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်ပေါင်း (၃၀၀) ကျော်ကို ပေးအပ်ပြီး ဖြစ်သည်။

နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ အသက် (၆၂) နှစ်အရွယ်၊ ၁၉၉၁ ခုနှစ် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင်ဖြစ်သူ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် သည် လွန်ခဲ့သောနှစ် (၁၉) နှစ်အတွင်း (၁၃) နှစ်နီးပါး နေအိမ်အကျယ်ချုပ် ကျခံနေရသူ ဖြစ်သည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved