စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မြန်မာ့အကြွေးများ ဂျပန် လျှော်ပေးတော့မည်

မြန်မာ့အကြွေးများ ဂျပန် လျှော်ပေးတော့မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာအစိုးရက တင်ရှိနေသော ကြွေးမြီ ယန်း သန်းထောင်ပေါင်း ၃ဝဝ (ဒေါ်လာ သန်းပေါင်း ၃.၇ ထောင်)အား ဂျပန်အစိုးရက လျှော်ပစ်ရန်ရှိကြောင်း ဂျပန် Asahi Shimbun သတင်းစာကြီးက ရေးသားထားသည်။

တရားဝင်သဘောတူညီချက်ကိုမူ ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ စနေနေ့တွင် တိုကျိုမြို့၌ တွေ့ဆုံ၍ ဆုံးဖြတ်မည်ဖြစ်ကာ ‘အပြည့်အဝ’အကူအညီများလည်း ပြန်လည်ပေးအပ်တော့မည်ဟု ဂျပန်အရာရှိများအား ကိုးကား၍ ရေးသားထားသည်။

၂၅ နှစ်ကြာ ရပ်ဆိုင်းထားသည့် အကူအညီများကို မြန်မာအစိုးရ၏ ဒီမိုကရေစီအရေး ကြိုးပမ်းလုပ်ဆောင်မှုများအရ ဂျပန်အစိုးရက ဤကဲ့သို့ ပြန်လည်စတင်ခြင်းဖြစ်သည်ဟုဆိုသည်။

၂ဝ၁၁ နိုဝင်္ဘာလာအတွင်း ဂျပန်အရာရှိများ မြန်မာနိုင်ငံသို့ လာရောက်စဉ် ကတည်းက ဖွံ့ဖြိုးရေး အကူအညီများနှင့် ပတ်သက်၍ မြန်မာအရာရှိများနှင့် ဆွေးနွေးမှုများ စတင်ခဲ့ကြောင်း ဂျပန်ဝန်ကြီးများအဖွဲ့ အတွင်းဝန်ချုပ် Osamu Fujimura က ပြောသည်။

ပထမအဆင့်အနေနှင့် ယန်းသန်းပေါင်း ၁၂၇.၄ ထောင်အား လျှော်ပစ်ရန်ရှိပြီး ၎င်းမှာ ၂ဝဝ၂ ခုနှစ်ကတည်းက သဘောတူညီခဲ့သော်လည်း ၂ဝဝ၃ ခုနှစ် မေ ၃ဝ ဒီပဲယင်းအရေးအခင်း ဖြစ်ပေါ်လာ၍ သဘောတူညီချက်ကို ရပ်ဆိုင်းထားခဲ့ရသည်။

ထို့နောက် အတိုးငွေနှင့် ဆပ်ရန်နောက်ကျ၍ ဆောင်ရမည့်ဒဏ်ငွေ ယန်းသန်း ၁၇၆.၁ ထောင်အား လျှော်ပစ်နိုင်ရန် အတွက် နောက်ထပ် တနှစ်အတွင်း မြန်မာပြည် ဒီမိုကရေစီ တိုးတက်မှုအပေါ် အခြေခံသုံးသပ်ပြီးမှ လျှော်ပစ်မည်
ဖြစ်သည်။

အမှန်စင်စစ် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံအပေါ် ကြွေးမြီအဖြစ် ယန်းသန်းထောင်ပေါင်း ၅ဝဝ ခန့် တင်ရှိထားပြီးဖြစ်၍ ကျန်ငွေ ယန်းသန်းပေါင်း ၁၉၈.၉ ထောင်အား ပြန်ဆပ်နိုင်ရန်အတွက် ဂျပန်ဘဏ္ဍာရေးဌာနများမှ နောက်ထပ်ချေးငွေ သစ်များ ရယူရဦးမည် ဖြစ်သည်။ ဂျပန်အစိုးရအနေဖြင့်လည်း ထိုပမာဏခန့် ထပ်မံချေးပေးရန်ရှိကာ ထိုချေးငွေသစ်
ပြန်ဆပ်ရက်ကိုလည်း တိုးချဲ့သတ်မှန်ပေးရန် ရှိသည်။

တင်ရှိအကြွေးများအားလုံး ကြေလည်ရေးနှစ် နောက်ထပ်အကူအညီသစ်များ စတင်ရေးအတွက် ဦးသိန်းစိန်၏ ငါးရက်ကြာ ခရီးစဉ်အတွင်း ဆွေးနွေးကြမည် ဖြစ်သည်။

၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလအတွင်းက ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒီမိုကရေစီအရေး ဦးတည်သည့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုတိုးတက်ပြုလုပ်ရန် မြန်မာအစိုးရအား တိုက်တွန်းတောင်းဆိုခဲ့သည်။

ဂျပန် နိုင်ငံရေးခြားရေး ဝန်ကြီး ခိုအိချီးရိုး ဂင်းဘား Koichiro Gemba မြန်မာနိုင်ငံသို့လာရောက်စဉ် ၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်အကူအညီများနှင့် ပတ်သက်၍ “ကျမတို့ရဲ့ တိုင်းရင်းသားလူမျိုးတွေ အားလုံးကြားမှာ သွေးစည်းညီညွတ်မှုရှိဖို့အတွက်ကို လူသားမှုဆိုင်ရာ၊ ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီတွေပေးတဲ့အခါမှာ တိုင်းရင်းသား ဒေသတွေမှာလည်း တန်းတူရည်တူ ပေးဖို့ လိုတယ်ဆိုတာ လည်း ကျမရှင်းပြခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။

ဂျပန်အစိုးရ အနေဖြင့် ဖွံ့ဖြိုးရေး အကူအညီများ ပြန်လည်ပေးရေး ဆုံးဖြတ်ရန်အတွက် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား တရားမျှတမှု ရှိ/မရှိ အနီးကပ် စောင့်ကြည့်နေမည်ဟု အတွင်းဝန်ချုပ် Osamu Fujimura က ဖေဖေါ်ဝါရီလအတွင်း ပြောဆိုခဲ့ဖူးသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 298 guests online