တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ကနေဒါမူဝါဒ ပြောင်းလိမ့်မည် မဟုတ်ဟု လေ့လာရေးလူငယ်ပြော

ကနေဒါမူဝါဒ ပြောင်းလိမ့်မည် မဟုတ်ဟု လေ့လာရေးလူငယ်ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ကနေဒါ အစိုးရ အနေဖြင့် မြန်မာပြည်အပေါ် ထားရှိသည့် ၎င်းတို့၏ မူဝါဒအား
ပြောင်းလဲလိမ့်မည်ဟု မယူဆကြောင်း ကနေဒါနိုင်ငံသို့ နှစ်ပါတ်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေသည့် မြန်မာ လူငယ်နှစ်ဦးက သုံးသပ်သည်။

လက်ရှိ ချမှတ်ထားသည့် မြန်မာပြည်အပေါ် ပိတ်ဆို့ရေးမူဝါဒအား ပြန်လည် သုံးသပ်ဦးမှာ မဟုတ်ကြောင်း ကနေဒါ အစိုးရ အရာရှိများနှင့် တွေ့ဆုံခဲ့သည့် မွန်လူငယ် တိုးတက်ရေးအဖွဲ့ MYPO မှ မိအိုက်စွန်းက မဇ္ဈိမကို ပြောသည်။

“အရင်အတိုင်း ဆက်ထားလိမ့်မယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ တိုင်းရင်းသားဒေသတွေမှာ အပစ် ရပ်တာ၊ အစိုးရရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ တိုင်းရင်းသားတွေအကြား စကားပြောမယ် ဆိုရင်တော့ ဆန်ရှင် ကိစ္စကို ပြန်လည် သုံးသပ်ပါလိမ့်မယ်။ ခုအခြေအနေ အတိုင်းဆို ဒီအတိုင်း ဆက်ထားမယ်လို့ ကတိပေးထားပါ တယ်” ဟု ပြောသည်။
Canada
ခရီးစဉ်အတွင်း South-East Asia relation ဌာန ညွှန်မှူး၊ ဒုညွှန်မှူးနဲ့ နိုင်ငံရေး အရာရှိတို့နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး လွှတ်တော်ဒုဥက္ကဋ္ဌ၏ အထူးဧည့်သည်တော် အဖြစ် ပါလီမန်ထဲ၌ လေ့လာခွင့်ရခဲ့ကြသည်။

အောက်တိုဘာ ၂၂ ရက်နေ့မှ စတင်ခဲ့သည့် ခရီးစဉ်တွင် MYPO မှ မိအိုက်စွန်းနှင့် တိုင်းရင်းသားလူငယ်များဖိုရမ် NY Forum မှ ရခိုင်လူငယ် ကိုအောင်နိုင်စိုးတို့ ပါဝင်သည်။

“လက်ရှိအစိုးရဟာ ဒီမိုကရေစီ နိုင်ငံတော်ကို သွားနေတာ မဟုတ်ဘူး ဆိုတာ၊ နောက်ပြီး တိုင်းရင်းသား ဒေသတွေ မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လောက်ထိ ဆိုးရွားနေဆဲဆိုတာ ကနေဒါအစိုးရနဲ့ ကနေဒါ ပြည်သူလူထု သိအောင် ပြောဖို့ပါ။ နောက်တခုက နိုင်ငံရေး အကျဉ်းသား လွှတ်ရေးဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် မဖြစ်မနေ လုပ်ရမှာဖြစ်လို့ နိုင်ငံတကာ ဖိအားလိုတယ်လို့ ယုံကြည်လို့ ဒီကနေဒါကို လာရောက်ရခြင်းပါ” ဟု မိအိုက်စွန်းက ပြောသည်။

ခရီးစဉ်အား စီစဉ်ပေးသည့် အဖွဲ့ကြီးတခု ဖြစ်သည့် ကနေဒါ အလုပ်သမားသမဂ္ဂ CUPE ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးအား မြန်မာလူငယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် ရမည်ဖြစ်ကာ လူထု တွေ့ဆုံပွဲများလည်း
ပြုလုပ်သွားရန် စီစဉ်ထားကြောင်း “ကိုယ်စားလှယ် ၂၀၀၀ လောက်တက်မယ်။ မြန်မာလူငယ် ခေါင်းဆောင်ပိုင်း အနေနဲ့ တက်ကြပြီး မြန်မာပြည် လက်ရှိအခြေအနေကို ရှင်းပြနိုင်မယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို လှုပ်ရှားမှုတခုအနေနဲ့ စီစဉ်ထားတယ်။ အင်္ဂါနေ့ကလည်း Ottawa ဗဟိုစာကြည့်တိုက်ကြီးမှာ လူထုတွေ့ဆုံပွဲ လုပ်နိုင်ခဲ့ပါတယ်” ဟု ကနေဒါ မြန်မာမိတ်ဆွေများအသင်း CFOB မှ တာဝန်ရှိသူ ကိုတင်မောင်ထူးက ပြောသည်။

ကနေဒါ အစိုးရအနေဖြင့် မြန်မာပြည်အရေးနှင့် ပတ်သက်၍ ရပ်တည်ချက် ထက်သန်လှသော်လည်း နယ်စပ်ဒေသ အရေးများတွင် သိမြင်မှု အားနည်းနေသေးကြောင်း “မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေး အတွက် ကနေဒါ
နိုင်ငံခြားရေး ပေါ်လစီက တအားကောင်းတယ်။ အဲဒါကို ဆက်ပြီးထိန်းထားဖို့ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား
တွေ လွှတ်ပေးဖို့၊ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ဖို့အတွက် ဖိအားပေးဖို့ တောင်းဆို ခဲ့ပါတယ်။ နောက်ပြီး ကချင်စစ်ပြေးဒုက္ခသည်တွေကို အရေးပေါ် အကူအညီပေးဖို့ တအားလိုအပ်နေတယ်လို့ ဘဏ္ဍာရေး အရာရှိချုပ်ကို ပြောဖြစ်အောင်ကို ပြောခဲ့တယ်။ ဒီ ကချင်တို့၊ ရှမ်းတို့ ကိစ္စက သူတို့က မသိသေးဘူး
ဖြစ်နေတယ်” ဟု မိအိုက်စွန်းက ပြောသည်။

စစ်မက်ဖြစ်ပွားရာတွင် အမျိုးသမီးနှင့် ကလေးငယ်များ ဒုက္ခအခံရဆုံးဖြစ်သည်ကို ရှင်းလင်းပြောပြခဲ့ပြီး အဲန်ဂျီအို များ၊ လူမှုအဖွဲ့အစည်းများ၊ ကနေဒါရောက် မြန်မာနိုင်ငံသားများနှင့်ပါ တွေ့ဆုံပွဲများ စီစဉ်ထားကြောင်း သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 57 guests online