ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > အီဂျစ်ဆန္ဒပြသတင်း မထည့်ရ

အီဂျစ်ဆန္ဒပြသတင်း မထည့်ရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စိ္ဈမ) ။      ။ အီဂျစ်သမ္မ္မတ မူဘာရက် နှုတ်ထွက်ရေး လူထုဆန္ဒပြပွဲများနှင့်ပတ်သက်၍ မြန်မာပြည်တွင်း ဂျာနယ်များတွင် ပြန်ကြားရေးဌာန၏ ဆင်ဆာဖြတ်တောက်မှု ခံနေကြရသည်။

“ဓာတ်ပုံမပေးဘူး။ အတွင်းသတင်းလောက်ကတော့ ရတယ်။ အာဏာရှင်ကို ဖြုတ်ချရေးဆိုတာတွေက မပါဘူး။ အာဏာကို ချုပ်ကိုင်ထားတဲ့ အစိုးရကို လူထုက ဆန္ဒပြပွဲလုပ်တယ်ဆိုတာတွေ မရဘူး၊ အဓိကရုဏ်း ဖြစ်နေတာမျိုး မပါဘူး။ မူဘာရက်နဲ့ ဆွေးနွေးတာတွေလောက်တော့ရတယ်။ မျက်နှာဖုံးတင်ခွင့် မပြုဘူး ”ဟု အယ်ဒီတာ တဦးက ပြောသည်။

အခြား အယ်ဒီတာတဦးကလည်း “လုံးဝဖော်ပြခွင့် egyptdemo1မရတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူထုလှုပ်ရှားမှု ပုံတွေကို ခွင့်မပေးဘူးလေ”ဟု သူက မဇ္စျိမကို ပြောသည်။

နိုင်ငံပိုင် မီဒီယာများတွင် ၁၄ ရက်ကြာ အီဂျစ်ဆန္ဒပြသတင်းများကို ဖော်ပြခြင်းမပြုပေ။

“ကိုယ့်သတင်းက စာဖတ်ပရိသတ်ကို ပေးချင်ရင် ပြည့်ပြည့်စုံစုံ ပေးချင်တာဘဲပေါ့။ သတင်း၊ ဓာတ်ပုံ၊ အချက်အလက်တွေ မပြည့်မစုံဘဲ လစ်ဟာနေတာမျိုးကျတော့ စာဖတ်ပရိသတ်ကို ပေးရတာ စိတ်မသန့်ဘူးပေါ့”ဟု ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။  

မနေ့က အီဂျစ် ဒုသမ္မ္မတ အိုမာ ဆူလီမန်(Omar Suleiman)နှင့် မတရားအသင်း ကြေညာခံထားရသော  မွတ်ဆလင် ညီအကိုတော်များ(Muslim Brotherhood) အပါအဝင် အတိုက်အခံများနှင့် ဆွေးနွေးခဲ့ကြသော်လည်း ပြေလည်မှု မရခဲ့ပေ။

မူဘာရက် ဆန့်ကျင်ရေး လှုပ်ရှားသူများက ကိုင်ရိုမြို့ရှိ တဟီရာ(Tahrir) ရင်ပြင်ကို သိမ်းပိုက်ထားခဲ့ပြီး သမ္မ္မတ ထောက်ခံသူများနှင့် ဆန့်ကျင်သူများ အပြန်အလှန် တိုက်ခိုက်ခဲ့မှုက လူ ၃၀၀ ခန့် သေဆုံးခဲ့သည်။

မူဘာရက်က ရာထူးမှနှုတ်ထွက်ရန် ငြင်းဆန်ထားပြီး စက်တင်ဘာလ ရွေးကောက်ပွဲတွင် ဝင်ပြိုင်တော့မည် မဟုတ်ဟု ကမ်းလှမ်းထားသည်။ ဆန္ဒပြသူများက မူဘာရက် မဆင်းမချင်း ဆက်လက် ဆန္ဒပြသွားမည်ဟု တုံ့ပြန်ခဲ့သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုဆန္ဒပြမှုသည် အပြောင်းအလဲ ဖြစ်စေသည့် နည်းလမ်းတခုဖြစ်သော်လည်း အကောင်းဆုံး နည်းလမ်းဟု မဆိုနိုင်ကြောင်းနှင့် ဆန္ဒပြပြည်သူများကို ဇွဲမလျှော့ဘဲ ဆက်လက် အကောင်အထည်ဖော်သွားရန် ပြီးခဲ့သည့် အင်္ဂါနေ့က ဘီဘီစီ မေးမြန်းခန်းတခုတွင် ပြောဆိုခဲ့သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 678 guests online