ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > အရှင်ဂမ္ဘီရ အား ငြိမ်းချမ်းရေးဆု ချီးမြှင့်

အရှင်ဂမ္ဘီရ အား ငြိမ်းချမ်းရေးဆု ချီးမြှင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ။       ။ ဆရာတော် ဦးရေဝတ အမှတ်တရ ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရအား ချီးမြှင့်လိုက်သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရှစ်လေးလုံး ကျောင်းတိုက်၌ ပြုလုပ်သော ဦးရေဝတ (၉) နှစ်မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ဦးဆောင် ကျင်းပသည့် ဆွမ်းသွတ် အမျှဝေပွဲနှင့် ငြိမ်းချမ်းရေး ဆုပေးအပ်ပွဲမှ အရှင်ဂမ္ဘီရအား ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးအတွက် သစ္စာတရားကို လက်ကိုင်ထားသူ၊ လူသေသော်လည်း နာမည်မသေတဲ့ ဦးရေဝတရဲ့ ၉ နှစ်ပြည့် အမှတ်တရ မေတ္တာပို့ အမျှဝေတဲ့ ပွဲဖြစ်တယ်။ တဆက်ထဲမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြ မေတ္တာပို့ခဲ့တဲ့၊ သံဃာတော်တွေကို ဦးဆောင်ခဲ့တဲ့ အရှင်ဂမ္ဘီရကို ဦးရေဝတ အမှတ်တရ ငြိမ်းချမ်းရေးဆု ပေးအပ်တဲ့ အခမ်းအနား ဖြစ်တယ်” ဟု သမဂ္ဂ ဥက္ကဋ္ဌ ဆရာတော် ဦးပညာဝရက မိန့်ကြားသည်။

ဆုရရှိသော အရှင်ဂမ္ဘီရသည် လက်ရှိအချိန်တွင် အကျဉ်းချခံထားရပြီး ရွှေဝါရောင် တော်လှန်ရေးအတွင်း သံဃာတော်များကို ရဲရဲဝံ့ဝံ့ ဦးဆောင်ခဲ့သူ ဖြစ်သည်။ အရှင်ဂမ္ဘီရအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့်အတူ အမေရိကန်ဒေါ်လာ ၅ဝဝ နှင့် ညီမျှသော မြန်မာငွေကို ချီးမြှင့်မည် ဖြစ်သည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးတွင် မန္တလေးမြို့ သံဃသမဂ္ဂီ ဥက္ကဋ္ဌ ဖြစ်သူ ဆရာတော် ဦးရေဝတသည် ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြန်မာစစ်အစိုးရ၏ ဖမ်းဆီးနှိပ်စက်မှု ခံခဲ့ရသည်။ ထောင်မှလွတ်၍ ၇ လခန့် အကြာတွင် ထောင်တွင်းရရှိသော ဒဏ်ရာကြောင့်ပင် ပျံလွန်တော်မူခဲ့သည်။

ယခု ဆုပေးခြင်းသည် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး အရှင်စန္ဒာသီရိ၊ တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းနှင့် အရှင်ဉာန္ဒဝံသ တို့ကိုလည်း ချီးမြှင့်ခဲ့သည်။

ဆရာတော် ဦးပညာဝရက “သံဃာတွေရဲ့ လှုပ်ရှားမှုကို အားလုံးသိတဲ့အတိုင်း စက်တင်ဘာ လူထုလှုပ်ရှားမှုမှာ သက်သေပြပြီး ဖြစ်တယ်။ နောင်မှာလည်း လူထုလက်မခံတဲ့ တရားဥပဒေမဲ့ ဖိနှိပ် ညှဉ်းပမ်းမှုများကို အာဏာပိုင်တွေက ဆက်လုပ်နေအုံးမယ် ဆိုရင် တိုင်းပြည် ငြိမ်းချမ်းရေးဟာ ဝေးသထက် ဝေးသွားမှာပဲ။ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြည်သူ့ဆန္ဒကို လိုက်လျောသင့်ပြီ” ဟု မိန့်ကြားသည်။

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင်သုံးဦးကို ရဲ ဆင့်ခေါ်
  2. လယ်ယာလုပ်ငန်း အာမခံထားနိုင်ရန် ဂျပန်က နည်းပညာ ထောက်ပံ့မည်
  3. ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းတွင် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးများ ချထားပေး
  4. ပုသိမ်မှာ လူငယ်ဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ်
  5. ထိုင်းနိုင်ငံက ဆင်ဖြူတော် ငှားရမ်းမှု နိုင်ငံခြားရေးဝန်ကြီး ငြင်းဆန်
  6. ရုပ်သံ စတူဒီယို တည်ဆောက်မည့်မြေ ရောင်းချခြင်းအတွက် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေး
  7. သတင်းမှားယွင်းသည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာက ပြန်လည်ဖြေရှင်းရန် Daily Eleven က တောင်းဆို
e-letter-burmese

Who is Online

We have 160 guests online