ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ဘင်္ဂလားတွင် တရားမဝင် မြန်မာများ ဖမ်းဆီး

ဘင်္ဂလားတွင် တရားမဝင် မြန်မာများ ဖမ်းဆီး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဒါကာ (မဇ္ဈိမ) ။     ။ ဘင်္ဂလားဒေ့ခ်ျ-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ကော့စ်ဘာဇာတွင် တရားမဝင် နေထိုင်လျက်ရှိသော မြန်မာ နိုင်ငံသားများကို ဒေသ အာဏာပိုင်များက ဖမ်းဆီးလာသည်။

ယခုလ ၂ ရက်နေ့မှ စတင်ခဲ့သော ယင်းစီမံချက်ကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇာတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၃၀ ဦး အဖမ်းခံခဲ့ရသည်။

“ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကို ကော့စ်ဘာဇာ အကျဉ်းထောင်ကို ပို့လိုက်ပါပြီ။ သူတို့ကို တရားမဝင် နယ်စပ် ဖြတ်ကျော်မှု ပုဒ်မနဲ့ တရားစွဲထားပါတယ်” ဟု ကော့စ်ဘာဇာ ရဲစခန်းမှ ရဲတပ်သား မူဟာမက် အာဘူကာလန် (MD, Arbu Kalam) က ပြောသည်။

ဘင်္ဂလားဒေ့ခ်ျရှိ ရိုဟင်ဂျာ ဒုက္ခသည် ၉၀၀၀ ကို မြန်မာဘက်မှ ပြန်လည် လက်ခံမည်ဟု သဘောတူညီမှု ရရှိပြီးနောက် ဖမ်းဆီးမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခင်က ဘန်တရိုဘန်ခရိုင်တွင်း မြို့နယ်များနှင့် တက္ကာနာမြို့နယ်အတွင်းမှ ကျေးရွာများတွင် တရားမဝင် နေထိုင်သော မြန်မာ နိုင်ငံသားများကို ဖမ်းဆီးရမိသောအခါ ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့်တပ် (BDR) လက်သို့ လွှဲအပ်ကာ နယ်စပ်လမ်းများမှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သော်လည်း ယခုတကြိမ်တွင်မူ တရားစွဲဆိုမှု ပြုလုပ်လာခဲ့သည်။

“မနေ့က ရဲတွေက ဆိုက္ကားနင်းသွားတဲ့ လူတယောက်ကို မေးမြန်းပြီး စစ်တယ်။ အထောက်အထား မပြနိုင်တော့ လူရော၊ ဆိုက္ကားကိုပါ တပါတည်း ဖမ်းသွားတယ်” ဟု ကော့စ်ဘာဇာမြို့နေ မြင်တွေ့ရသူတဦးက ပြောသည်။

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံအတွင်း အကျဉ်းချခံလိုက်ရသော အကျဉ်းသားများအနေဖြင့် ထောင်ကျရက် ကုန်ဆုံးသွားသော်လည်း မြန်မာနိုင်ငံသား ဟုတ်မဟုတ်နှင့် မြန်မာနိုင်ငံအတွင်း အမှန်တကယ် နေထိုင်ခြင်း ရှိမရှိကို စစ်ဆေးပြီးမှ ပြန်လည် ခေါ်ယူလေ့ရှိသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 671 guests online