သောကြာ, ၁၂ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > နိုင်ငံခြားသား လုပ်သား တသိန်းခွဲကျော်ကို လုပ်ခွင့်ပြန်ပေး

နိုင်ငံခြားသား လုပ်သား တသိန်းခွဲကျော်ကို လုပ်ခွင့်ပြန်ပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


မဇ္ဈိမ (ချင်းမိုင်) ။ ။ ထိုင်းနိုင်ငံတွင် အလုပ်သမား လက်မှတ်လုပ်ရန် သတ်မှတ်ရက် ကျော်သွားသဖြင့် လုပ်ခွင့် မရလိုက်သည့် နိုင်ငံခြားသား အလုပ်သမား ၁ သိန်းခွဲကျော်အတွက် လုပ်ခွင့်ပြန်ပေးနေပြီ ဖြစ်သည်။

အလုပ်သမားလက်မှတ်လုပ်ရန် ယခုနှစ် ဇူလိုင်မှ စက်တင်ဘာလထိ အချိန်ပေးထားခဲ့ခြင်း ဖြစ်ပြီး ယခုလမှ စ၍ လာမည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ အချိန်ထပ်ပေးခြင်း ဖြစ်သည်။

စာရင်းသွင်းထားပြီးမှ ရက်ကျော်သွားသဖြင့် ကျန်ခဲ့သည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ်သမားများအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနသတင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဓါတ်ပုံရိုက်ရန် ကျန်ရှိသူ ၉၀၀၀ ဦး။ ဆေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအာမခံ မပြုလုပ်ရသေးသူ ၁၅၂,၉၈၂ ဦး ရှိပြီး စုစုပေါင်း ၁၆၁,၉၈၂ ဦးအား သက်မှတ်ရက်အတွင်း အပြီး ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ဖတ်ရှုရသည်။

ကုန်ကျငွေမှာ ယခင်ကဲ့သို့ပင် ဘတ် ၃၈၀၀ ဖြစ်ပြီး အလုပ်လုပ်ခွင့် သက်တမ်းမှာလည်း ယခင်အတိုင်း လာမည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ပင်ဖြစ်သည်။

သို့သော် ယခုကဲ့သို့ သက်တမ်း ထပ်တိုးလိုက်သည်ကို လက်မှတ် မလုပ်ရသေးသည့် အလုပ်သမား အများစုမှာမူ သိနိုင်ဦးမည် မဟုတ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ အထွေထွေ အတွင်းရေးမှူ ကိုမိုးဆွေက မဇ္ဈိမကို ပြောသည်။

ထိုင်းနှင့်မြန်မာ နှစ်ဘက် အစိုးရတို့က ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးနိုင်ရန် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ စီစဉ်နေကြပြီး ထိုင်းနယ်စပ်မြို့များဖြစ်သော မြဝတီ၊ ကော့သောင်းနှင့် တာချိလိတ်တို့တွင် ရုံးခန်းများ ဖွင့်လှစ်ထားသည်။

သို့သော် ပထမအဆင့်ဖြစ်သည့် နိုင်ငံသားဖြစ်ကြောင်း စိစစ်ရေးအပိုင်း၌ပင် ရပ်တံ့နေပြီး ယခုအထိ လူဦးရေ ၂၀၀၀ ကျော်သာ ပြီးစီးသေးကြောင်း သိရသည်။

(ကိုဝိုင်းတည်းဖြတ်သည်)



 

Editor's choice

စစ်အစိုးရက ရွေးကောက်ပွဲ ပြင်ချိန် အတိုက်အခံ သဘောကွဲ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို့ လူတိုင်းကို လိုက်ပြောနေပေမယ့် အရာအားလုံးကိုတော့ လျှို့ဝှက်ထား ......

ခြံရောင်းရန် ကြိုးစားသူကို ဒေါ်စု တရားစွဲမည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နေထိုင်သည့် ခြံဝင်းအတွင်းမှ မြေကွက်အချို့ကို ရောင်းချရန် ကြိုးစားနေသည့် ဆွေမျိုးတော်စပ်သူ...

မြန်မာ ၂၁ ဦးပါ သင်္ဘောကို ဆိုမာလီဓါးပြများ ပြန်ပေးဆွဲ

မြန်မာနိုင်ငံသား ၂၁ ဦး ပါဝင်သည့်  နော်ဝေးနိုင်ငံသားပိုင် UTB Ocean သင်္ဘောကို ဆိုမာလီပင်လယ် ဓါးပြများက ယခင်အပတ်က...

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။...