သောကြာ, ၀၃ စက်တင်ဘာ ၂၀၁၀

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မြန်မာ့ ဘိန်းဖြူ နယ်စပ်တွင် ဖမ်းဆီးရမိ

မြန်မာ့ ဘိန်းဖြူ နယ်စပ်တွင် ဖမ်းဆီးရမိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလား-မြန်မာနယ်စပ်တွင် မြန်မာမှ ဝင်လာသော ဘိန်းဖြူ တကီလိုကို ဘင်္ဂလားရဲများက ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်အရာရှိများ အဆိုအရ သိရသည်။

တက္ကနာမှ ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာသို့လာသော ခရီးသည်တင်ကားပေါ်တွင် မြန်မာဘက်မှ တင်သွင်းလာသည်ဟု ယုံကြည်ရသော ဘိန်းဖြူ တကီလိုကို အောက်တိုဘာ ၂၅ ရက်နေ့က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

“ကားဒရိုင်ဘာ ထိုင်ခုံအောက်က မြန်မာကလာတဲ့ ဘိန်းဖြူ တထုတ်ကို ရှာတွေ့တယ်။ ပိုင်ရှင်ကိုတော့ ရှာလို့ မရလိုက်ဘူး။” ဟု ကော့စ်ဘဇာနှင့် ကီလို ၂၀ ဝေးသော ခေါင်တုံးစစ်ဆေးရေး ဂိတ်တာဝန်ကျ မူးယစ်ဝန်ထမ်းက မဇ္ဈိမသို့ ပြောသည်။

ဖမ်းဆီရမိသော ဘိန်းဖြူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာငွေ ၇ သိန်း (မြန်မာကျပ်ငွေ ၁၀၅ သိန်း) တန်ဖိုးရှိသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဘိန်းဖြူ သုံးမျိုးဝင်ရောက်လျှက်ရှိပြီး ဘိန်းမဲကို ဘင်္ဂလားဒေ့ရှ်-မြန်မာ-အိန္ဒိယ သုံးနိုင်ငံ နယ်စပ်ရှိ စိုက်ခင်းများ ဆီမှလာပြီး၊ အလယ်အလတ်တန်းစား ဘိန်းဖြူကို အိန္ဒိယနိုင်ငံဘက်မှ ဝင်ရောက်ကာ အကောင်းဆုံး ဘိန်းဖြူ အမျိုးအစားကိုတော့ မြန်မာနိုင်ငံ ဘက်ခြမ်းမှ ဝင်ရောက်လာနေသည်ဟု ကော့စ်ဘာဇာမှ မူးယစ်တပ်ဖွဲ့ သတင်းရပ်ကွက်က ပြောသည်။

ထိုပြင် အောက်တိုဘာလ ၃၀ ရက်နေ.ကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ မြန်မာသို့ တရားမဝင်တင်ပို့မည့် စားအုံးဆီနှင့် ဒီဇယ်ဆီများ တင်ဆောင်ထားသည့် စက်လှေတစီးကို တက္ကနာမြို့ နာဇီ ရပ်ကွက်အနီး နတ်မြစ်အတွင်း ဖမ်းဆီရမိခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

စားဆီ ပီပါ ၇၀ ကျော်နှင့် ဒီဇယ်ဆီ လီတာ ၂၀၀၀ ခန့်ကို တက္ကနာအခြေစိုက် အမှတ် (၄၂) ဘီဒီအာရ်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

နိုင်ငံအတွင်း သုံးစွဲမှုကြောင့် ဖူလုံမှုမရှိမှာ စိုးရိမ်သည့်အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းမှနေပြီး မြန်မာဘက်သို့ ဓာတ်မြေသြဇာ၊ ဒီဇယ်ဆီ၊ စားသုံးဆီနှင့် ဆေးဝါးတချို့ကို ရောင်းချခွင့် ပိတ်ပင်ထားသည်။