တနင်္ဂနွေ, ၁၄ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သို့ သွားရောက်ရန် ကမ်းလှမ်း

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သို့ သွားရောက်ရန် ကမ်းလှမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်



နယူးဒေလီ ။ ။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝက မြန်မာနိုင်ငံသို့ ယခုလနှောင်းပိုင်းတွင် သွားရောက်လည်ပတ်ရန် ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ အလှည့်ကျ သဘာပတိသည့် ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံသို့ လည်ပတ်လိုသည်ဟု ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦး၏ အဆိုအရ သိရသည်။

''နှစ်ဦးနှစ်ဖက် (ထိုင်းနှင့် မြန်မာ) အဆင်ပြေမယ့် တရက်ရက်မှာ ဖြစ်ပါလိမ့်မယ်။ အစီအစဉ် လုပ်ထားပေမယ့် မြန်မာအစိုးရဘက်က တုံ့ပြန်မှု မရှိသေးပါဘူး'' ဟု အဆိုပါ အရာရှိက မဇ္ဈိမကို ယနေ့ ပြောဆိုသည်။

သို့သော်လည်း ထိုင်းဝန်ကြီးချုပ်မှ ကမ်းလှမ်းထားသည့် ခရီးစဉ်၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အသေးစိတ် မှတ်ချက်ပေးရန် သူက ငြင်းဆိုသည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုမှုကို ထိုင်းနိုင်ငံက ပြတ်သားစွာ တုံ့ပြန်ခဲ့သည့်အတွက် ထိုင်းကို မြန်မာစစ်အာဏာပိုင်များက နှစ်လိုဘွယ်မရှိကြောင်း သတင်းရပ်ကွက်များက ပြောဆိုနေချိန်တွင် ယခုလို ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်ကိစ္စ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ကမ္ဘာ့နိုဘယ် ငြိမ်းချမ်းရေးဆုရှင်အား စွဲချက်တင်ပြီးနောက် အာဆီယံ သဘာပတိက ကြေညာချက် ထုတ်ပြန်ရာ အဖွဲ့ဝင်နိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအပေါ် အလေးအနက် စိုးရိမ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ထိပါးနိုင်ဖွယ်ရှိသလို၊ အများ၏ ယုံကြည်မှုသည်လည်း လျော့ပါးလာဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

''အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် တာဝန်ရှိသည်နှင့်အညီ မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရန် တာဝန်ရှိကြောင်း'' ထိုင်းက ပြောဆိုခဲ့သည်။

မြန်မာစစ်အစိုးရ အာဘော်ထုတ် သတင်းစာများကမူ ထိုင်းနှင့် အာဆီယံသည် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုမှုသည် တရားမျှတမှုရှိကြောင်း ပြန်လည်ရေးသားခဲ့ကြသည်။

ဤခရီးစဉ်သည် ထိုင်းဝန်ကြီးချုပ်အသစ်၏ သံခင်းတမန်ခင်း ခရီးစဉ်တခုသာဖြစ်ကြောင်း ထိုင်းအစိုးရ သတင်းရပ်ကွက်က ပြောသည်။

(သတင်းကို ဆော်လမွန်မှ ပေးပို့ကာ၊ မုံပီး တည်းဖြတ်သည်။)


 

Editor's choice

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...