ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မြန်မာဘက်မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေရှ့် တံငါသည်များ ဒဏ်ရာရ

မြန်မာဘက်မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေရှ့် တံငါသည်များ ဒဏ်ရာရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ဒါကာ (မဇ္ဈိမ)။ ။ မြန်မာ နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွက်ကဲရေး အဖွဲ့-နစက က မြန်မာ့ရေပိုင်နက် အတွင်း ငါးခိုးဖမ်းသည်ဟုဆိုကာ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေရှ့် တံငါသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုလ ၂ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့ နစက က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆဲမာတင် (အုန်းကျွန်း) ကျွန်အနီးတွင် ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှှ် ငါးဖမ်းသမားများကို နယ်မြေကျူး ကျော်ဝင်ရောက်ကာ ငါးဖမ်းသည်ဟု ဆိုကာ ပြစ်ခတ်လိုက်ခြင်း ဖြစ်သည်။

မောင်တောမြို့ ကျီးကန်ပြင်အခြေစိုက် နစက ဌာနချုပ်က ယခုနှစ် နှစ်ဆန်းပိုင်းက နစက နယ်မြေ အသီးသီးသို့ နယ်မြေကျူးကျော် ငါးခိုးဖမ်းဆီးမှုများကို ပစ်မိန့် ထုတ်ပေးထားသည်။

“ပြီးခဲ့တဲ့ အင်္ဂါနေ့ ( ယခုလ ၂ ရက်နေ့ ) ပစ်ခတ်မှုတခုဖြစ်သွားတယ်လေ။ အလယ်သံကျော် အခြေစိုက်တဲ့ နယ်မြေ (၇) နယ်မြေထဲမှာ” ဟု နစက အဖွဲ့ဝင်တဦးက ပစ်ခတ်မှုကို အတည်ပြုသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကမူ ပစ်ခတ်ခံရသူများ လာရောက် တိုင်ကြားမှု မရှိသေးသည့် အတွက် အရေးယူခြင်း မရှိသေးကြောင်း ဘင်္ဂလားဒေရှ့် နေ.စဉ်ထုတ် သတင်းစာ တစောင်ဖြစ်သော The Dainik Cox’s Bazarက ယခုလ ၄ ရက်နေ့က ဖော်ပြသည်။

ဒဏ်ရာရရှိသူ ဘင်္ဂလားဒေရှ့် တံငါသည် ၁၀ ဦးကို တက္ကနာမြို.နယ် ပြည်သူ.ဆေးရုံးကြီးတွင် တင်ထားပြီး နောက်တဦးကို စစ်တကောင်း ဆေးရုံးသို့ တင်ထားရကြောင်း တက္ကနာဆေးရုံဝန်ထမ်း အာဘူ ဖေါရပ်က ပြောသည်။

တက္ကနာဆေးရုံက လူနာ ၁၀ ဦးမှာ အသက် အန္တရာယ် မစိုးရိမ်ရသော်လည်း စစ်တကောင်း ဆေးရုံသို့ လွှဲပြောင်းထားရသူ တဦးကမူ ညာဘက်ရင်ဘတ်မှ ညာဘက်ကျော အထိ ထုတ်ခြင်းပေါက် ဒဏ်ရာ ရရှိသဖြင့် စိုးရိမ်ရကြောင်း သိရသည်။

မြန်မာနစကမှ ပစ်ခတ်မှုကြောင့် ယခုနှစ် ဧပြီလ ၈ ရက်နေ.ကလည်း ဘင်္ဂလားဒေရှ့်ငါးဖမ်းသမား ၂ ဦး သေဆုံးခဲ့ရသည်။