သတင်း ဒေသန္တရသတင်း လွတ်လပ်စွာ သတင်းယူခွင့်ပြုရန် စစ်အစိုးရကို နိုင်ငံတကာ သတင်းစာအဖွဲ့ကြီးက တောင်းဆို
လွတ်လပ်စွာ သတင်းယူခွင့်ပြုရန် စစ်အစိုးရကို နိုင်ငံတကာ သတင်းစာအဖွဲ့ကြီးက တောင်းဆို Print E-mail
မဇ္ဈိမသတင်းဌာန   
အင်္ဂါနေ့၊ ဇွန်လ 17 2008 20:47 - မြန်မာစံတော်ချိန်

ဘဲလ်ဂိတ်။     ။ ကမ္ဘာတဝှမ်းမှ ထိပ်သီး စာနယ်ဇင်းသမားများ ကွန်ယက်တခုဖြစ်သော နိုင်ငံတကာ သတင်းစာ အင်စတီကျူ (အိုင်ပီအိုင်) ၅၇ ကြိမ်မြောက် အထွေထွေ အစည်းအဝေးက နာဂစ်မုန်တိုင်းဒါဏ်သင့် ဒေသများတွင် သတင်းယူနေသော သတင်းစာ ဆရာများ စာနယ်ဇင်း လွတ်လပ်ခွင့်ကို မြန်မာ စစ်အစိုးရအနေဖြင့် လေးစား ကာကွယ်ရန် တောင်းဆိုလိုက်သည်။

မေ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်သော မုန်တိုင်းကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ စုစုပေါင်း လူ တသိန်း သုံးသောင်းရှိခဲ့သော မုန်တိုင်းဒါဏ်သင့် ဒေသများတွင် လွတ်လပ်စွာ သတင်းယူခြင်းကို ခွင့်ပြုရန် ပျက်ပြားခဲ့သည့်အတွက် ဆားဗီးယား နိုင်ငံ မြို့တော် ဘဲလ်ဂိတ်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာ စစ်အစိုးရကို အိုင်ပီပီ အဖွဲ့ဝင်များက ရှုတ်ချ ပြောဆိုလိုက်သည်။

မုန်တိုင်းတိုက်ပြီးလို့ အစားအသောက်၊ သောက်သုံးရေ၊ နေထိုင်ဖိုနဲ့ ဆေးဝါးကုသခံဖို့ လိုအပ်တဲ့လူတွေ တသန်းကျော် ရှိနေတာတောင်မှ မြန်မာ စစ်အစိုးရက သတင်း အချက်အလက်တွေကို ဆင်ဆာဖြတ်နေလို့ ကောင်းတုံး ဟု အိုင်ပီအိုင် တင်္နလာနေ့က ထုတ်ပြန်သော ဆုံးဖြတ် ကြေညာချက်တွင် ပါရှိသည်။

ယခုကဲ့သို့သော မြန်မာပြည်နှင့် ပတ်သက်သော ပြောဆိုချက်သည် အိုင်ပီအိုင် ကမ္ဘာတဝှမ်းရှိ အစိုးရများကို စာနယ်ဇင်းသမားများ အခွင့်အရေး။ အထူးသဖြင့် သဘာဝ ကပ်ဘေးများနှင့် ပတ်သက်သော သတင်းများ ရေးသားပေးပို့ နေသူများကို သတင်းအချက်အလက်များ ဖြန့်ဖြူးပေးရန်။ သတင်းယူခြင်းကို ခွင့်ပြုရန်စသည့် တိုက်တွန်းထားချက် တစိတ်တဒေသ ဖြစ်သည်။

“မြေငလျင်တွေ၊ ဟာရီကိန်းတွေ၊ ရေကြီးတာတွေနဲ့ တခြား ကပ်ဘေးတွေ ကျရောက်တဲ့အခါ မီဒီယာ သတင်းပေးပို့ချက်တွေက အလွန့်အလွန် ကိုပဲ မရှိမဖြစ် လိုအပ်တာပါ၊ သူတို့ရဲ့ အင်တိုက်အားတိုက် ချက်ခြင်း လုပ်ဆောင်မှုတွေကြောင့် လူပေါင်း မြောက်များစွာရဲ့ အသက်တွေ ကယ်တင် နိုင်ပြီး သင့်တင့်လျောက်ပတ်တဲ့ ကယ်ဆယ်ရေးနဲ့ ကူညီ လုပ်ဆောင်မှုတွေ ပါလာနိုင်တာ” ဟု အိုင်ပီအိုင်က ပြောသည်။

မြန်မာပြည်တွင်းမှာတော့ အစိုးရက မုန်တိုင်းဒါဏ် သင့်သူတွေအတွက် ကယ်ဆယ် ထောက်ပံ့ရေးများ လုပ်ဆောင်နေသော လုပ်အားဒါန အလှူရှင်များကို ဖမ်းဆီးလျှက်ရှိရာမှာ အပတ်စဉ်ထုတ် ဂျာနယ်တခု အယ်ဒီတာဟောင်း ဦးဇော်သက်ထွေးလည်း ပါဝင်သွားသည်။

အိုင်ပီအိုင် ၅၇ ကြိမ်မြောက် အစည်းအဝေးကြီးကို ယခင် ယူဂိုဆလားဗီးယား နိုင်ငံမြို့တော်လည်း ဖြစ်သည့် ဘဲလ်ဂိတ်မှာ ကျင်းပရာ နိုင်ငံပေါင်း ၆ဝ ကျော်မှ ထိပ်သီး သတင်းစာ အယ်ဒီတာ။ မီဒီယာ အလုပ်အမှုဆောင်ချုပ်များ အပါအဝင် သတင်းစာဆရာ ၆ဝ ကျော် တက်ရောက်ခဲ့သည်၊ မဇ္ဈိမ သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ကိုမုံပီးက မဇ္ဈိကို ကိုယ်စားပြု တက်ရောက်ခဲ့သည်။

အိုင်ပီအိုင်အနေဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်နှင့် စာနယ်ဇင်းသမားများ လုပ်ငန်း လုပ်ဆောင်နေစဉ်အတွင်း လုံခြုံရေး ကာကွယ်မှု ပေးနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved