သတင်း ဒေသန္တရသတင်း ကူမင်း ကုန်စည်ပြပွဲတွင် မြန်မာပါဝင်
ကူမင်း ကုန်စည်ပြပွဲတွင် မြန်မာပါဝင် Print E-mail
မျိုးကြီး   
သောကြာနေ့၊ ဇွန်လ 06 2008 17:30 - မြန်မာစံတော်ချိန်

ရွှေလီ။     ။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသည့် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံလည်း ပါဝင် ပြသနေသည်။

၁၆ ကြိမ်မြောက် ကုန်စည်ပြပွဲမှာ ယနေ့မှ စတင်ပြီး ဇွန် ၁ဝ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်သည်။ အရှေ့တောင်နှင့် တောင်အာရှနိုင်ငံများ၊ ဟောင်ကောင်နှင့် သြစတြေးလျား အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံ ပါဝင်ပြီး မြန်မာနိုင်ငံက အသီးအနှံ၊ ပရိဘောဂ၊ လက်မှုအနုပညာနှင့် ရေထွက်ပစ္စည်းများ ပြသထားသည်။

မြန်မာပြခန်းပေါင်း နှစ်ဒါဇင်ကျော်အနက် မန္တလေးမြို့ခံ ကုမ္ပဏီ ၃ ခုနှင့် ရန်ကုန်မှ ကော်ဖီမစ် ကုမ္ပဏီတခု ပါဝင်သည်။

မန္တလေး ကုမ္ပဏီများမှာ ပြည်သစ်၊ သန်းရွှေ၊ ကြယ်တံခွန်တို့ ဖြစ်ကြပြီး လက်မှု အနုပညာ ပစ္စည်းများနှင့် ရေထွက်ပစ္စည်းများ ပြသထားသည်။

ကူမင်း ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ပြည်နယ် ၆ ခုမှ စီးပွားရေး လုပ်ငန်းရှင်များ စုပေါင်း၍ ၁၉၉၃ ခုနှစ် သြဂုတ်လတွင် စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်တွင် စတင်ပါဝင်ခဲ့သည်။ 

ယူနန် ကုမ္ပဏီများသည် မြန်မာနိုင်ငံအတွင်း ရေအားလျှပ်စစ်၊ ရေထွက်ပစ္စည်း၊ လယ်ယာထွက်ကုန်နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလျက် ရှိသည်။

မြန်မာက တရုတ်နှင့် နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးကို နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ ကျော် တိုးတက်ရန် စီမံချက် ချထားပြီး၊ လာမည့်နှစ် (သို့မဟုတ်) မကြာမီ နှစ်များအတွင်း ယူနန်-မြန်မာ ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၁၅ဝဝ ကျော်အထိ တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း ကူမင်းမြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ် ဦးမျိုးသစ်၏ ပြောကြားချက်ကို  ၂ဝဝ၈ ခုနှစ် မတ်လထုတ် တရုတ်မဂ္ဂဇင်း တစောင်က ဖော်ပြခဲ့သည်။ 

သို့သော် တရားဝင် ကုန်သွယ်ရေးထက် တရားမဝင် နယ်စပ် မှောင်ခိုကုန်သွယ်မှုလည်း သိသိသာသာ ဖြစ်ထွန်းနေသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved