|
တရုတ်ငလျင်တွင် သေဆုံးသူ ၅ဝဝဝဝ ထိရှိနိုင်ဟု အစိုးရသတိပေး |
|
|
|
မဇ္ဈိမသတင်းဌာန
|
|
ကြာသပတေးနေ့၊ မေလ 15 2008 20:31 - မြန်မာစံတော်ချိန် |
စီချွင် ငလျင်ကြောင့် သေဆုံးသူ ၅ဝဝဝဝ ထိ ရှိနိုင်သည်ဟု တရုတ်အစိုးရမှ ယနေ့ ထုတ်ပြန်သည်၊ ရဟတ်ယာဉ်များသည် ဝေးကွာသော ဒေသများသို့ ကယ်ဆယ်ရေး အကူအညီများ ပို့ရန် ပြင်ဆင်နေကြသည်။
တနင်္လာနေ့ ငလျင်ကြောင့် လူပေါင်း ၄ဝဝဝဝ အပျက်အစီးများ အောက်တွင် ရှိနေဆဲ ဖြစ်သည်။
၇ ဒဿမ ၉ ပြင်းအားရှိသော ငလျင်အပြီး အနည်းဆုံး လူပေါင်း ၁၉၅ဝဝ သေဆုံးခဲ့သည်။ ကယ်ဆယ်ရေး အဖွဲ့များသည် အင်အား ၁၁ဝဝဝဝ ရှိသော စစ်သား၊ ရဲများနှင့်အတူ နှစ်မြှုပ်နေသော အသက်ရှင် ကျန်ရစ်သူများအား ရှာဖွေ တူးဖော်နေကြသည်။
စီချွင်ပြည်နယ်ရှိ ဇီပင်ပု ဆည်၏ အလွန် အန္တရာယ်များသော အက်ကြောင်းများအား ပြန်လည် ပြင်ဆင်ရန် စစ်သား ထောင်ပေါင်းများစွာကို စေလွှတ်ထားပြီး ဖြစ်သည်။
ကယ်ဆယ်ရေး လုပ်သားများမှာ လူများစွာ သေဆုံး၊ နှစ်မြှုပ် ပျောက်ဆုံးနေသော မြို့များတွင် အလုပ်လုပ်နေကြပြီး ထောင်ပေါင်း များစွာသော လူများမှာ အစာရေစာအတွက် စီချွင်ပြည်နယ်ရှိ တောင်စောင်းများပေါ်မှ ဆင်းလာနေကြသည်။
အက်ပီစင်တာ ဖြစ်ပေါ်သော ဝမ်ချူးပြည်နယ် မှ ရွာသားများအား ရဟတ်ယာဉ်များဖြင့် တင်ဆောင်နေကြသည်၊ အချို့ ရွာသားများမှာ တောင်ဖက်နှင့် အရှေ့ဖက်ရှိ ကွင်းပြင်များ နှင့် လျိုမြောင်များသို့ နာရီပေါင်းများစွာ လမ်းလျှောက်နေကြသည်။ ဤပြည်နယ်တွင် မြေပြိုမှုများကြောင့် ကယ်ဆယ်ရေး အကူအညီများကို မြေပြင်မှ ပို့ဆောင်မရပေ။ ဤရွှေ့ပြောင်းနေသော လူအများမှာ ပို၍ အန္တရာယ် ကြီးသော ဒေသသို့ ဦးတည်နေကြသည်။ ထိုဒေသတွင် အရေးပေါ် လုပ်သားများမှာ အဓိက ဆည်ကြီး ၂ ခု၏ အပေါက်များကို ဖာထေးရန် ကြိုးစားနေကြသည်။
လူဦးရေ ခြောက်သိန်း နေထိုင်သော ဒူဂျီဂွင်မြို့ အထက်ရှိ ဇီပင်ငု ဆည်၏ မျက်နှာပြင်တွင် ၄ လက်မထက် ပိုသော အက်ကြောင်းများ ဖြစ်ပေါ်လာပါက အလွန်ဆိုးရွားသော အခြေအနေ ဖြစ်သည်ဟု ပြောနိုင်သည်၊ ယခုအချိန်တွင်မူ တည်ငြိမ်သည့် အနေအထားတွင် ရှိသည်ဟု ရေအရင်းအမြစ် ဝန်ကြီးက ဝဘ်ဆိုဒ်တွင် ပြောသည်။
မင်းမြစ်မြောက်ပိုင်း တုလွန်းဆည်သည် ပြိုကျခံနီးပြီဟု အရာရှိများက ပြောသည်။ ဤသည်မှာ မြစ်အောက်ပိုင်းရှိ ဆည်များနှင့် လျှပ်စစ် စစ်ရုံများအား ထိခိုက်ပေလိမ့်မည်။
တနင်္လာ ငလျင်ကြောင့် ဆည်ပေါင်း ၄ဝဝ ခန့်မှာ ထိခိုက်ခံရသည်။ တရုတ်နိုင်ငံ၏ ကြီးမားပြီး ရေစီးနှုန်း အလွန်မြန်သော မြစ်များသည် စိုစွတ်၍ တောင်ထူထပ်သော ပြည်နယ်တွင် ဖြတ်သန်း စီးဆင်းနေကြသည်။
|