တနင်္လာ, ၂၀ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မြန်မာသို့ ခရီးစဉ်များ စီစဉ်ရန် အိန္ဒိယ လွှတ်တော် တိုက်တွန်း

မြန်မာသို့ ခရီးစဉ်များ စီစဉ်ရန် အိန္ဒိယ လွှတ်တော် တိုက်တွန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးလာမှုနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သတင်းကြောင့်
နှစ်နိုင်ငံလွှတ်တော်များ အကြားတွင် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်သင့်ကြောင်း နိုင်ငံခြားရေး
ဌာန လွှတ်တော်ရေးရာ ပြောရေးဆိုခွင့်ရှိသူ Meira Kumar မှတိုက်တွန်းလိုက်ကြောင်း ဇန်န၀ါရီလ ၃၁ ရက်နေ့ထုတ် Hindustan Times က ရေးသားဖော်ပြသည်။

ဖေဖော်ဝါရီ ၂၁ ရက် ဘဏ္ဍာရေးနှစ် မတိုင်မီ အိန္ဒိယက လွတ်တော် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွတ်ရန် အစီအစဉ်
ရှိကြောင်း အစိုးရ၏ ပြောဆိုချက်များသည် Meira Kumar အား မီးစိမ်း ပြလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင်
ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသို့ တခဏတာ လည်ပတ်ခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး AK Antony နှင့် ပြည်ပရေးရာ ၀န်ကြီး Salman Khurshid တို့သည် နေပြည်တော် သို့သွားရောက် လည်ပတ်ခဲ့ကြ သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ က ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ လာရောက်စဉ် ပြည်ပရေးရာ ၀န်ကြီး ဆာလ်မန်း ခူရှီးဒမှ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ဖူးသည်။

“အိမ်နီးချင်းနိုင်ငံ တခုအနေနဲ့ ကျနော်တို့ရဲ့ ဘုံအလေးထားစရာတွေမှာ ထူးခြားစွာ ပါဝင်နေပါ တယ်။ မြန်မာနိုင်ငံကို ကမ္ဘာကြီးက ဆက်ဆံဆောင်ရွက်မှုတွေ ပြုနေစဉ်မှာ ကျနော်တို့အနေနဲ့ နောက်တန်းက မနေနိုင်ပါဘူး” ဟု ၂၀၁၂ ဒီဇင်ဘာလက နေပြည်တော်သို့ ရောက်ရှိစဉ် ဆာလ်မန်း ခူရှီးဒ် Salman Khurshid က ပြောဆိုခဲ့ဖူးသည်။

မြန်မာပါလီမန်၏ ပြောရေးဆိုခွင့်ရှိသူ မှ Meira Kumar လာရောက်လည်ပတ်ဖို့ ဖိတ်ကြားချက် မကြာမီ ထွက်ပေါ်လာ
မည်ဖြစ်ပြီး မြန်မာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် ပြီးခဲ့တဲ့နှစ်က ဒေလီကို လာရောက်လည်ပတ်ခဲ့ဖူးသည်။

အိန္ဒိယအစိုးရမှလည်း Meira Kumar ခရီးစဉ်ကို မြန်မြန်ဆန်ဆန် သွားရောက်စေလိုကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံရေး ပြောင်းလဲမှုများသည် လမ်းလျှောက်ကာစ မွေးကင်းစ ကလေး သဖွယ်ဖြစ်နေသည့် အတွက် အိန္ဒိယက ဒီမိုကရေစီ ကဒ်ဖြင့် အတတ်နိုင်ဆုံး၊ အစွမ်းကုန် ၀င်ရောက် ကစား လိုလျှက်ရှိ သည်ဟု အဆိုပါ သတင်း
တွင် ဖော်ပြထားသည်။

မြန်မာအတွက် အိန္ဒိယပါလီမန်မှ တာဝန်ယူ အကောင်အထည်ဖော်ပေးနိုင်သည့် သင်တန်း အစီအစဉ်များ
မြောက်မြားစွာ ရှိနေကြောင်း လဲရေးသားထားသည်။

ဆယ်စုနှစ်ပေါင်း များစွာ အိန္ဒိယဟာ ကမ္ဘာ့ အကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်နေချိန်တွင် မြန်မာတွင် စစ်အာဏာရှင်
များက တင်းတင်းကြပ်ကြပ် အုပ်စိုးခဲ့ပြီး ယခုအခါတွင် ဒီမိုကရက်တစ် အတွေး အခေါ်များ တဖြေးဖြေးချင်း စတင်
လမ်းပွင့်လာပြီဖြစ်ကြောင်း သတင်းစာက ဖော်ပြသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များဖြစ်ကြသည့် ဦးသိန်းစိန်နှင့် ဒေါက်တာမန်မိုဟန်ဆင်း တို့၏ အပြန် အလှန်ခရီးစဉ်များ၊
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အိန္ဒိယခရီးစဉ်များကို ကြည့်၍ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်
ကောင်းမွန်လာကြောင်း လေ့လာသူများက သုံးသပ်ပြော ဆို ထားကြသည်။

အဆိုပါ ခရီးစဉ်များအတွင်း ကဏ္ဍမျိုးစုံ ပါဝင်သည့် နှစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြ သကဲ့သို့ အိန္ဒိယ
မှလည်း မြန်မာနိုင်ငံအား ထုတ်ချေးထားသော အမေရိကန် ဒေါ်လာ သန်း ၅၀၀ တန် ချေးငွေနှင့် ပတ်သတ်၍လည်း
ပြန်ဆပ်ရမည့် ကာလကို နောက်ဆုတ် ပေးရန် သဘောတူည်ီခဲ့ကြသည်။

သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးကို ၂ဝ၁၆ ခုနှစ်တွင် ပြီးစီးရေး၊ နှစ်နိုင်ငံ ဆက်သွယ်ပေးမည့် ရိဒ်-တီးတိန်လမ်း
ဖောက်လုပ်ရေး၊ အိန္ဒိယနိုင်ငံသို့ ဓါတ်ငွေ့တင်ပို့ရေး၊ ချင်းတွင်း မြစ်ဝှမ်းတွင် အိန္ဒိယ အထောက်အပံ့ဖြင့် တည်ဆောက်
မည့် ထမံသီနှင့်ရွှေစာရေး စီမံကိန်းများမှ လျှပ်စစ်ဓါတ်အား ပို့လွှတ်နိုင်ရေးတို့အား  အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန်း ခူရှီးဒ်မြန်မာနိုင်ငံသို့ မကြာမီက သွားရောက်ခဲ့စဉ် ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကောင်စစ်ဝန်ရုံးသစ်တခု ဖွင့်လှစ်ခြင်းဖြင့် အစိုးရကိုယ်စားလှယ် မစ်ရှင် သုံးခု ထားရှိမည့် ပထမဆုံးသော နိုင်ငံဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 107 guests online