သတင်း ဒေသန္တရသတင်း ဒုက္ခသည်များအတွက် ဘီလ်ဂိတ် ၃ သန်း၊ ဂူဂဲလ် ၁ သန်း လှူချင်
ဒုက္ခသည်များအတွက် ဘီလ်ဂိတ် ၃ သန်း၊ ဂူဂဲလ် ၁ သန်း လှူချင် Print E-mail
မဇ္ဈိမသတင်းဌာန   
စနေနေ့၊ မေလ 10 2008 16:34 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ အင်တာနက် ရှာဖွေရေး အင်ဂျင်ကြီးတခု ဖြစ်သော Google မှ မြန်မာ့လေဘေး ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁ သန်း အထိ ပေးသွားမည်ဖြစ်ပြီး အွန်လိုင်းပေါ်မှလည်း အလှူငွေများ ထည့်ဝင် ပေးလှူနိုင်သော လင့်ကို မနေ့က စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ထို့အတူ မိုက်ကရိုဆော့ဖ်မှ ဘီလ်ဂိတ်၏ ဂိတ်ဖောင်ဒေးရှင်းမှလည်း အမေရိကန်ဒေါ်လာ ၃ သန်းကို လေဘေးသင့် ဒေသများအတွင်း အရေးပေါ် ကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန် လှူဒါန်းမည်။ ထို့ပြင် မုန်တိုင်းကြောင့် ကွဲကွာသွားရသော မိသားစုများကို ပြန်လည်ရှာဖွေရန် နည်းပညာ အထောက်အပံ့များ ပေးသွားမည်ဟု အေပီ သတင်းဌာနသို့ သောကြာနေ့က ပြောကြားသွားကြောင်း အေပီသတင်း တရပ်က ဖော်ပြသွားသည်။

မြန်မာနိုင်ငံအတွင်း ဧရာဝတီ မြစ်ကြောင်းတလျှောက် ပြေးဆွဲနေသော ဇိမ်ခံ သင်္ဘောကုမ္ပဏီ တခုဖြစ်သော ဧရာဝတီ ဖလိုတီလာမှ မစ္စတာ ပေါလ် စထရပ်ခမ် ကလည်း သူ၏ ပန်တော် ၄ သင်္ဘောကို ဆေးခန်းအသွင် ပြောင်း၍ ကယ်ဆယ်ရေး အဖွဲ့များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။ မြန်မာ ဆရာဝန်များကလည်း လုပ်အားပေး ကူညီကြမည်ဟု ပြောသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံသော အနည်းငယ်ရှိသည့် အမေရိကန် ကုမ္ပဏီများအနက် တခုဖြစ်သော ချယ်ဗ်ရွန် ကော်ပိုရေးရှင်းမှလည်း အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့မည်ဟု သိရသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved