ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > TIME မဂ္ဂဇင်း၏ ‘၂၀၁၂ ပုဂ္ဂိုလ်ကျော်’ အဆိုပြုမှု ဒေါ်စုနှင့် ဦးသိန်းစိန် ပါဝင်နေ

TIME မဂ္ဂဇင်း၏ ‘၂၀၁၂ ပုဂ္ဂိုလ်ကျော်’ အဆိုပြုမှု ဒေါ်စုနှင့် ဦးသိန်းစိန် ပါဝင်နေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

suanthနယူးဒေလီ (မဇ္ဈိမ) ။      ။ ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီး၏ ‘၂ဝ၁၂ ပုဂ္ဂိုလ်ကျော်’ အဖြစ် ရွေးချယ်ရန် အဆိုပြုမှု ထားသူ ဆန်ကာတင် ၄ဝ ထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် တို့အား ပူးတွဲဖော်ပြ ထားသည်။

ထိုပုဂ္ဂိုလ်များကို အွန်လိုင်း စာဖတ်ပရိသတ်မှ ဆန္ဒမဲပေးနိုင်ပြီး အယ်ဒီတာအဖွဲ့က ရွေးချယ်ကာ ဒီဇင်္ဘာလ ၂၁ ရက်နေ့တွင်
ကြေညာမည် ဖြစ်သည်။

သို့သော် ၂ဝ၁၂ ခုနှစ်အတွင်း သတင်းများတွင် သြဇာအသက်ရောက် ဆုံးသူကို အွန်လိုင်း စာဖတ်ပရိသတ်မှ မဲဆန္ဒ အများဆုံး ရရှိသူအမည်
ကိုမူ ဒီဇင်္ဘာလ ၁၄ ရက်နေ့တွင် ကြေညာမည်ဖြစ်ကာ မဲပေးပိုင်ခွင့်ကို ဒီဇင်္ဘာ ၁၂ ရက်နေ့ ညသန်းခေါင်ထိ ခွင့်ပြုထားသည်။

ယခု သတင်းရေးသားနေချိန် ဗုဒ္ဓဟူးနေ့ည ၇း၃၅ မိနစ်တွင် ကောက်ခံရရှိသည့် မဲအရေအတွက်အရ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးသိန်းစိန်မှာ ထောက်ခံမဲ ၂၇,၂၆၈ မဲဖြင့် နံပါတ် ၁၅ နေရာတွင် ရှိနေပြီး ထောက်ခံမဲ ၂၂၁,၁ဝ၄ ရရှိထားသည့် အီဂျစ်သမ္မတ မိုဟာမဒ် မော်စီမှာ နံပါတ် ၁ နေရာတွင် ရှိနေသည်။

နံပါတ် ၈ နေရာတွင်ရှိသည့် ဘားရက် အိုဘားမားမှာ ထောက်ခံမဲ ၄၅,၇၇၃ ရရှိထားပြီး ဟီလာရီ ကလင်တန်မှာ ၂၇,၃၈ဝ မဲဖြင့် နံပါတ် ၁၄ နေရာတွင် ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် တို့အား မဲပေးလိုပါက ဤနေရာကို ကလစ်၍ သွားရောက် ဆန္ဒပြုနိုင်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး
  2. ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်လူထု လိုအပ်ချက်များကို မေးမြန်း
  3. အခြေခံဥပဒေအား ပြည်သူ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံခဲ့သည်ကို မယုံကြောင်း ဒေါ်စုပြော
  4. ခွဲခြားဆက်ဆံခြင်းသည် အလွန်နိမ့်ကျသည့် စိတ်ဓာတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
  5. ကော့မှူးမြို့နယ်တွင် စာသင်ကျောင်းဆောင်သစ် ပထမဆုံးအကြိမ် ဒေါ်စုလှူဒါန်း
  6. ကော့မှူးတွင် ရွေ့လျားစာကြည့်တိုက်များ ထားရန် ပြန်/ဆက်နှင့် ပူးပေါင်း၍ ဒေါ်စု စီစဉ်နေ
  7. ဒေါ်အောင်ဆန်းစုကြည် သင်္ကြန်ကာလ ဂျပန်ခရီးစဉ် စတင်တော့မည်
e-letter-burmese

Who is Online

We have 176 guests online