ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မြန်မာကို Burma ဟု နောက်နောင် မခေါ်တော့ကြောင်း ကန် ကာကွယ်ရေးဝန်ကြီးဆို

မြန်မာကို Burma ဟု နောက်နောင် မခေါ်တော့ကြောင်း ကန် ကာကွယ်ရေးဝန်ကြီးဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

usgensအမေရိကန် ကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံအား အင်္ဂလိပ်လို Burma ဟု နှုတ်ကျိုးနေ၍ ခေါ်ရခြင်းဖြစ်ပြီး နောက်နောင် မခေါ်တော့မည့်အကြောင်း ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုထောက်ခံ လိုက်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးစွာ ဆက်ဆံသွား မည်ဟုလည်း ကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပါနတ်တာ က ဆိုသည်။

‘Burma ဆိုသော အသုံးနှုန်းသည် ဗမာလူမျိုး တမျိုးတည်းကိုသာ ကိုယ်စားပြုပြီး Myanmar ဆိုသည်မှာ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသော အသုံးနှုန်း ဖြစ်၍ မြန်မာနိုင်ငံကို Myanmar ဟု ခေါ်ဆိုခြင်းသာ မှန်ကန်သည်’ ဟု မြန်မာ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် က ရှင်းပြခဲ့သည်။

ကန် ကာကွယ်ရေးဝန်ကြီးကလည်း ၎င်းအနေနှင့် Burma ဟု ခေါ်ဆိုရခြင်းမှာ တခြား ရည်ရွယ်ချက် မရှိကြောင်း
ဖြေရှင်းပြီး မြန်မာလူမျိုးတို့တွင် ပါဝင်သော တိုင်းရင်းသားတို့ အကြောင်းကို သေချာစွာ ရှင်းလင်းပြောကြားပေး၍
ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်တွင် Myanmar ဟု ပြောင်းလဲ သုံးနှုန်းသွားမည်ဟု အာဆီယံ ထိပ်သီးအစည်းဝေးပွဲ တွင် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုအရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမူ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma ဟူ၍သာ ဆက်လက်ခေါ်ဆိုသွားမည်ဟု နိုဝင်ဘာလ ၂၂ ရက်နေ့က ပြောကြားထားသည်။ မိမိတိုင်းပြည်၏ အမည် နာမအား ပြည်သူများကိုယ်တိုင် မည်သို့ ခေါ်ဆိုသည်ကို ဆုံးဖြတ်ချက် မကျမီအထိ ထိုသို့သာ ဆက်လက် ခေါ်တွင် သွားမည်ဟု ဆိုထားသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်း ၁၊ ပုဒ်မ ၂ တွင် နိုင်ငံအမည်အား အင်္ဂလိပ်လို ‘the Republic of the Union of Myanmar’ ဟု ခေါ်တွင်ရမည့်အကြောင်း ရေးသားထားသည်။

နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာကြမည်ဟုပါဝင်ပြီး လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ပိုမိုသိရှိရန်မှာ အခြားသော ပြည်သူများထက်ပင် ပိုမို အရေးကြီးလှသည်ဟု ဥပဒေပညာရှင်တဦးက ဆိုသည်။

အခြေခံဥပဒေကို ပြုပြင်နိုင်ရန်မှာလည်း လွှတ်တော် အစည်းဝေး ကျင်းပနေချိန်တွင် အကြိတ်အနယ် ဆွေးနွေးပြီး လုပ်ဆောင်နိုင်ရန် လိုအပ်သလို ပြည်သူအားလုံးအတွက် အဆင်ပြေမှု မရှိသော ဥပဒေများကို ဖျတ်သိမ်းပစ်ရန် လိုအပ်ပြီး ပြည်သူကို အကျိုးရှိစေမည့် ဥပဒေများကိုလည်း အမြန်ဆုံးထုတ်ပြန်နိုင်ရန် အရေးတကြီး ဆောင်ရွက်ရန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၏ အဓိက လုပ်ဆောင်ရမည့် အရေးသာ ဖြစ်သည်ဟု အဆိုပါ ဥပဒေပညာရှင်က ဆိုသည်။

အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဗိုလ်တစ်ထောင် မဲဆန္ဒနယ်တွင် အရွေးချယ်ခံသူ ဦးမင်းအောင် က လည်း “၂ဝ၁ဝ ရွေးကောက်ပွဲဆို ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံလို့ ဝင်ခဲ့ကြတာပါပဲ။ ဒီလိုပါပဲ ၂ဝ၁၂ ကြားဖြတ်
ရွေးကောက်ပွဲ ဆိုတာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံလို့ ဝင်ခဲ့ကြသူတွေပါပဲ။ ရွေးကောက်ပွဲဝင်
နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဒါကိုတော့ လိုက်နာကြရန် လိုအပ်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံအား အင်္ဂလိပ်လို Burma ဟု လွတ်လပ်ရေးခေတ် တလျှောက်လုံး သတ်မှတ် ခေါ်ဝေါ်လာခဲ့ရာမှ ၁၉၈၉ ခုနှစ်၊ ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်သည့် နဝတ စစ်အစိုးရ လက်ထက်တွင် Myanmar ဟု ပြောင်းလဲပစ်ခဲ့ခြင်း
ဖြစ်သည်။ ထိုစဉ်က ပြည်သူ့ လွှတ်တော်ဟူ၍ မရှိခဲ့ဘဲ အမည် အတော်များများကို စစ်အစိုးရက ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်ပခရီးစဉ်များတွင် အင်္ဂလိပ်လို မိန့်ခွန်းများ ပြောရာတွင်လည်းကောင်း၊ သတင်းထောက်များနှင့် မေးဖြေပြုရာတွင်လည်းကောင်း အင်္ဂလိပ်လို Burma ဟုသာ တသမတ်တည်း သုံးစွဲလာခဲ့ သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် ကမ္ဘာ စီးပွားရေးဖိုရမ်တွင် Burma ဟု ဒေါ်အောင်ဆန်းစုကြည် က သုံးစွဲခဲ့၍ ထိုသို့ မသုံးနှုန်းရန် ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ပထမအကြိမ် အကြောင်းကြား ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံကို Burma ဟု သုံးနှုန်း ပြောဆိုခြင်း မပြုဘဲ အခြေခံဥပဒေတွင် ဖော်ပြထားသည့်အတိုင်း
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် The Republic of the Union of Myanmar (သို့မဟုတ်) မြန်မာနိုင်ငံ Myanmar ဟုသာ ခေါ်ဆို သုံးနှုန်းရန် ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၂၈ ရက်စွဲဖြင့် ကြေညာချက်တရပ် ထပ်မံထုတ်ပြန် သတိပေးခဲ့သည်။

မကြာသေးမှီက မြန်မာနိုင်ငံကို အလည်အပါတ်ရောက်ရှိခဲ့သော အမေရိကန် သမ္မတ ဘားရက်အိုဘားမားကလည်း
မြန်မာနိုင်ငံမင်္ဂလာပါဟု မြန်မာနိုင်ငံကို အသိအမှတ်ပြု ခေါ်ဆိုသွားခဲ့ပြီး မိန့်ခွင်းပြောကြားရာတွင်လည်း မြန်မာနိုင်ငံ ဟုထည့်သွင်းပြောကြားခဲ့သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 103 guests online