ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > သမ္မတဦးသိန်းစိန် အာဆီယံထိပ်သီးအစည်းအဝေး လေးရက်ကြာ တက်ရောက်မည်

သမ္မတဦးသိန်းစိန် အာဆီယံထိပ်သီးအစည်းအဝေး လေးရက်ကြာ တက်ရောက်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဖနွမ်ပင် (မဇ္ဈိမ) ။         ။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် နိုဝင်ဘာ ၁၅ ရက်နေ့တွင် စတင်ကျင်းပလျက်ရှိသော အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာသမ္မတ ဦးသိန်းစိန်တက်ရောက်ရန်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံတွင် လေးရက် တာ နေထိုင်မည်ဖြစ်သည်ဟု ထိပ်သီးအစည်းအဝေး ကျင်းပရေးကော်မတီ၏ ထုတ်ပြန်သည့် အစီအစဉ်တွင် ပါရှိသည်။

သမ္မတသည် အထူးလေယာဉ်ဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့နံနက် ၁ဝ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး၊ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်ဟု အစီအစဉ်တွင်ပါရှိသည်။
21aseansummit
အလားတူ မြန်မာဝန်ကြီးများဖြစ်သော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဦးစိုးသိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဒေါက်တာကံဇော်နှင့် ကျန်းမာရေးဝန်ကြီး တို့လည်း နိုဝင်ဘာ ၁၆ ရက်နေ့ ၁၂ နာရီအချိန်တွင် ရောက်ရှိလာမည်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ထိပ်သီးအစည်းအဝေးသို့ အာဆီယံ ၁ဝ နိုင်ငံမှ ခေါင်းဆောင်များအပါအဝင်၊ သြစတေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂီးလတ်၊ တရုတ် ဝန်ကြီးချုပ် တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်၊ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ၊ တောင်ကိုရီးယား လီ မြောင်ဘတ်၊ နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီး၊ ရုရှ သမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဘားရတ် ဟူစိန် အိုဘားမား တို့လည်း နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရောက်ရှိလာမည်ဟု အစီအစဉ်တွင် ဖေါ်ပြထားသည်။

အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန် ရှိနေသည်။ ယင်းအပြင် သမ္မတရုံးနှင့် နီးစပ်သူများ၏ အဆိုအရ မြန်မာသမ္မတနှင့် အမေရိကန် သမ္မတတို့သည် ထိုနေ့တွင်ပင် မြန်မာနိုင်ငံအတွင်း တွေ့ဆုံရန် ရှိနေသည်ဟု ဆိုသည်။ မြန်မာသမ္မတ၏ ခရီးစဉ် အသေးစိတ်ကိုမူ အဆိုပါ အရာရှိများက ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေ။ ထို့ကြောင့် မြန်မာသမ္မတသည် အမေရိကန် သမ္မတ လာရောက်ချိန်တွင် မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ကာ တွေ့ဆုံမည်ဟုလည်း ခန့်မှန်းချက်များ ထွက်ပေါ်နေ သည်။

နိုဝင်ဘာ ၁၅ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ ၁ဝ ထပ်အမြင့်ရှိ Vikmean Santepaep အဆောက်အဦးတွင် ကျင်းပခြင်းဖြစ်သည်။ အစည်းအဝေးသို့ တက်ရောက်သတင်းယူမည့် သတင်းထောက်များအတွက် စားပွဲတင် ကွန်ပျူတာ ၃ဝဝ ထားရှိပြီး အိတ်ဆောင် ကွန်ပျူတာများအတွက် အင်တာနက်ကေဘယ်လ် ၁ဝဝ ထားရှိသည်။ သို့သော်လည်း လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏကြုံတွေ့နေကြရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. သတင်းမှားယွင်းသည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာက ပြန်လည်ဖြေရှင်းရန် Daily Eleven က တောင်းဆို
  2. ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ဒေသခံများနှင့် ဆွေးနွေးမည်
  3. ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး
  4. စင်ကာပူတံခွန်စိုက် အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲ မြန်မာပြိုင်မည်
  5. ဖေ့စ်ဘွတ်တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မည်
  6. ငွေအတုများ သုံးစွဲမိသည့် ကားပွဲစားတစ်ဦး အမှုဖွင့်ခံရ
  7. မော်ဒယ်အေဂျင်စီအားလုံး သဘောတူသည့် မော်ဒယ်လုပ်ငန်းစာချုပ်သစ် ပြင်ဆင်
e-letter-burmese

Who is Online

We have 184 guests online