ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မူးယစ်ရာဇာ နော်ခမ်းကို တရုတ်တရားရုံးမှ သေဒဏ်ချလိုက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို တရုတ်တရားရုံးမှ သေဒဏ်ချလိုက်ပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။      ။ ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က မဲခေါင်မြစ်ပေါ်ရှိ တရုတ် ကုန်သင်္ဘော
နှစ်စီးပေါ်မှ တရုတ်သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်ခဲ့မှုဖြင့် ရှမ်း မူးယစ်ရာဇာ နော်ခမ်းနှင့် နောက်လိုက် ၃ ဦးကို တရုတ်တရားရုံးတခုမှ အင်္ဂါနေ့က သေဒဏ်ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံ ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြ ပါရှိသည်။

နော်ခမ်းဂိုဏ်းမှ အခြား အဖွဲ့ဝင် နှစ်ဦးကိုမူ ဆိုင်းငံ့သေဒဏ် နှင့် ထောင် ၈ နှစ် ချမှတ်လိုက်သည်။

မသင်္ကာသူ ၆ ဦးစလုံးကို တမင် လူသေစေမှု၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ သင်္ဘော အပိုင်စီးခြင်း စွဲချက်များဖြင့် စက်တင်ဘာလ အတွင်းက ရုံးတင်စစ်ဆေးခဲ့ ခြင်းဖြစ်သည်။

တရားခံ ၆ ဦးစလုံးက အင်္ဂါနေ့စီရင်ချက်ကို အယူခံဝင်ရောက်မည် ဖြစ်ကြောင်း ပြောဆိုထားကြသည်။

ဤမူးယစ်ဆေးဝါး လုပ်ငန်းကို နော်ခမ်းသည် ယခင်မူးယစ်ရာဇာ ခွန်ဆာ၏ မုန်ထိုင်းတပ်မတော် MTA တွင် ဗိုလ်ကြီး အဖြစ်နှင့် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် သင်ယူလေ့လာခဲ့ပြီး ခွန်ဆာ က မြန်မာစစ်အစိုးရထံ ၁၉၉၆ ခုနှစ်တွင် လက်နက်မချမီအထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ရှမ်းသံတော်ဆင့် သတင်း၏အဆိုအရ နော်ခမ်းသည် ၁၉၉၆ ခုနှစ်က စစ်အစိုးရထံ လက်နက်ချပြီးကတဲက နယ်စပ် မြို့ ဖြစ်သော တာချီလိတ် မြို့တွင်နေထိုင်ခဲ့ပြီး အဖွဲ့ ဝင် ၁ဝဝ ရှိ ဟောင်လောက် ပြည်သူ့စစ်အဖွဲ့ကို ခေါင်းဆောင် ခဲ့သည်။

တာချီလိတ်မြို့ရှိ သူ့နေအိမ်ကို ၂ဝဝ၆ ခုနှစ်က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာ လက်နက်မျိုးစုံ ၁၅ဝ၊ လေမှုတ်စက်
နှစ်လုံး၊ မက်တာအင်ဖက်တမင်း ဆေးပြား အများအပြား ဖမ်းဆီးရမိခဲ့သည် ဟု အရာရှိများက ပြောသည်။

တာချီလိတ်၊ ကျိုင်းတုံနယ်မှ မြန်မာစစ်တပ်နှင့် ရွာသားများက အကာအကွယ်ပေး စောင့်ရှောက်ပေးထားခြင်းကြောင့်
နော်ခမ်းသည် ဒေသတွင် ဥပဒေဘက်တော်သားများ၏ ဖမ်းဆီးခံရခြင်းမှ ၁ဝ နှစ်နီးပါး ရှောင်တိမ်း နေနိုင်ခဲ့သည် ဟု အဆိုပါအရာရှိများက ပြောသည်။

နော်ခမ်း၏ မိသားစုဝင် တဦးက မကြာခင်က ဘန်ကောက်ပို့စ် သတင်းစာ၏ စပက်ထရမ် မဂ္ဂဇင်းသို့ တယ်လီဖုံးဖြင့်
ဖြေဆိုရာ၌ နော်ခမ်းသည် စစ်အစိုးရအာဏာပိုင် အများအပြားနှင့် အလွန်နီးစပ်ခဲ့ကြောင်း သို့သော် သူ့ကို ဖမ်းမိ ကတည်းက “မည်သူကမျှ သူ့ကို မသိချင်ကြတော့ကြောင်း၊ ယခုအခါ မိမိဘာသာ သာ ရပ်တည်နေရတော့ကြောင်း”
ပြောဆိုသွားခဲ့သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 96 guests online