ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > နာရေးသတင်း > သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည် ကွယ်လွန်

သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည် ကွယ်လွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ သျှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက်အယ်ဒီတာ ဦးစိန်ကြည် (အသက် ၅၉) နှစ်သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Maharaj Nakorn ခေါ် စွန်ဒေါ့ဆေးရုံတွင် အသည်းကင်ဆာ ရောဂါဖြင့် ကြာသာပတေးနေ့ မနက်၌ ကွယ်လွန်သွားသည်။

ရှမ်းပြည်နယ်သတင်းများကို ရှမ်း၊ ဗမာ၊ အင်္ဂလိပ် သုံးဘာသာဖြင့် အဓိကဖော်ပြသည့် သတင်းဌာနတွင် ရှမ်းနှင့်
ဗမာပိုင်း သတင်းများကို တာဝန်ခံတည်းဖြတ်ပြီး ပြည်တွင်းနှင့် နယ်စပ် သတင်းထောက်များကိုလည်း ကြီးကြပ်သူ
ဖြစ်သဖြင့် ဆုံးရှုံးမှု ကြီးမားသည်ဟု ၁၉၈၃ ခုမှစ၍ ကွယ်လွန်သည်အထိ ၂၈ နှစ်ကြာ လုပ်ဖော်ကိုင်ဘက်ဖြစ်သော သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ဆိုသည်။

ဦးစိန်ကြည်သည် ၁၉၇၄ ခု အသက် ၂၂ နှစ်အရွယ်တွင် skaရှမ်းပြည်တပ်မတော် SSA စည်းရုံးရေးနှင့် ဝါဒဖြန့်ချိရေး
ဌာန၌ တာဝန်ထမ်းခြင်းဖြင့် ရှမ်းတော်လှန်ရေးတွင် စတင်ပါဝင်လာပြီး ၁၉၉၆ ခုအထိ နှစ်ပေါင်း ၂ဝ ကျော်ကြာ
ခဲ့သည်။

၁၉၅၂ ခု နိုဝင်ဘာ ၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ဝ’ လူမျိုးစုနယ်မြေ မိုင်းဆိုင် (မိုင်းကိုင်) မြို့ ၌ မွေးဖွားသူ
ဖြစ်ကာ ဝ’ စကားလည်း တတ်ကျွမ်းသည့် ဦးစိန်ကြည်သည် တန့်ယန်းမြို့တွင် ကြီးပြင်းခဲ့ပြီး အထက်တန်းပညာကို လားရှိုးနှင့် မန္တလေးတို့တွင် သင်ယူခဲ့သည်။

အနုပညာဝါသနာပါသူ ဦးစိန်ကြည်သည် “ဆွမ့်ခုံဟင်း”
 ခေါ် ဆခဟ အမည်ဖြင့် တေးရေး တေးဆို သူဖြစ်ပြီး
တေးရေး-အဆိုကျော် စိုင်းဆိုင်မောဝ်၊ စိုင်းခမ်းလိတ်တို့နှင့် အလုပ်တွဲလုပ်ခဲ့ဖူးသည်ဟု လည်းသိရသည်။ သူ၏
“ငရဲနှစ်” များဟု မြန်မာအဓိပ္ပါယ်ရှိသော ရှမ်းသီချင်းကို ရှမ်းလူထုက နှစ်သက်ကြသည်ဟု ဆိုသည်။

ခွန်ဆာ၏ မူလအဖွဲ့ ရှမ်းပြည်ညီညွတ်ရေးတပ် SUA နှင့် ၁၉၈၄-၈၅ ခုတွင် SSA၊ မိုးဟိန်းဦးဆောင်သော ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး MTA ဟု ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၉၆ ခုတွင်
ခွန်ဆာနှင့် MTA လက်နက်ချသွားရာမှ ဦးခွန်ဆိုင်းနှင့် ဦးစိန်ကြည်တို့နှစ်ဦး ထိုင်းနိုင်ငံ ချင်းမိုင်တွင် သျှမ်းသံတော်ဆင့် သတင်းဌာနကို တည်ထောင်ခဲ့ကြသည်။

“အရင်တုန်း ကတော့ ဝါဒဖြန့်ချိရေးပေါ့။ နောက်ပိုင်းကျတော့ Independent media အဖြစ် အတူတူ လာထောင်ကြ တာပေါ့။ ” ဟု ဦးခွန်ဆိုင်းကပြောသည်။

ဦးစိန်ကြည်နှင့် ၁၉၇၅ ခုတွင် ထိုင်းနယ်စပ် SSA ဌာနချုပ် ကြူဟုတ်တွင် တွေ့ဆုံစဉ်က အကြောင်းကို သူ၏ လုပ်ဖော် ကိုင်ဘက် စိုင်းသက်ထွန်းက “သူက စိတ်ထက်သန်တယ်။ အပေါင်းအသင်းပေါ်မှာလည်း သဘောထားပြည့်ဝတယ်။ အများအကျိုးအတွက်လည်း စိတ်ရင်း စေတနာကောင်းရှိတယ်” ဟု ပြောသည်။

“ကျနော်တို့ ကြူဟုတ်မှာ နေတုန်းကဆို သတင်းစာ မဂ္ဂဇင်း ရုပ်ပုံလေးတွေ ညှပ်ထားပြီးတော့ သူထုတ်တဲ့ စာစောင်
တွေမှာ ထည့်တယ်။ မလိုရင်လည်း အိတ်ထဲမှာ အမြဲသိမ်းထားတယ်။ လိုအပ်ရင် ပြန်သုံးတာပေါ့” ဟုပြောသည်။

ဦးစိန်ကြည်သည် ၂ဝ၁ဝ ခုတွင် အသည်းကင်ဆာဖြစ်နေကြောင်း စတင်သိရပြီး ၂ဝ၁၁ ခု ဇန်နဝါရီတွင် ခွဲစိတ်ကုသ ခဲ့သေးသည်။

ချင်းမိုင်မြို့ ဝပ်ပါပေါက် ဘုန်းတော်ကြီးကျောင်း (ရှမ်းဘုန်းကြီးကျောင်း) တွင် တပတ်ကြာထား မည်ဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်နေ့တွင် 'ဆန်ကူလိတ်' သုသာန်သို့ ပို့ဆောင် မီးသဂြုင်္ိဟ်မည်ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး၊ သားနှစ်ဦးနှင့် သမီး တဦးတို့ ကျန်ရစ်ခဲ့သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

Who is Online

We have 796 guests online