သတင်း သတင်းအကျဉ်းချုပ် မလေးရှားရှိ သံရုံးရှေ့ ဆန္ဒပြကြပြန်
မလေးရှားရှိ သံရုံးရှေ့ ဆန္ဒပြကြပြန် Print E-mail
မဇ္ဈိမသတင်းဌာန   
စနေနေ့၊ ဧပြီလ 26 2008 21:32 - မြန်မာစံတော်ချိန်

ချင်းမိုင်။   ။ တက်ကြွလှုပ်ရှားသူများက မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် လက်ရှိ ပြုလုပ်နေဆဲ အကြို ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးရန် လှုံ့ဆော်မှုများ ယနေ့ နံနက်က ထပ်မံပြုလုပ်ခဲ့သည်။

အင်အား ၂၀၀ ခန့် ပါဝင်သော ဆန္ဒပြသူများသည် “စစ်ကျွန်အဖြစ် နွံနစ်မခံ” “နအဖ စစ်အစိုးရ ပြုလုပ်တဲ့ ဆန္ဒခံယူပွဲကို ကန့်ကွက်မဲ ပေးကြ” “အရေးတော်ပုံ အောင်ရမည်” စသော စာတမ်းများကို ကိုင်ဆောင်ထားကြပြီး ဆန္ဒပြခဲ့ကြသည်၊

စတင် ဆန္ဒပြသော နံနက် ၁၁း၃၀ နာရီမှ နောက် ၁၅ မိနစ်အကြာတွင် လုံခြုံရေးများက လာရောက် တားမြစ်၍ ဆန္ဒပြပွဲကို ရပ်နားလိုက်ရသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ (လွတ်မြောက်နယ်မြေ)မှ အတွင်းရေးမှူး ကိုအောင်ကျော်ဆက်က မဇ္ဈိမသို့ ပြောကြားသည်။

လုံခြုံရေးအနေဖြင့် အရပ်ဝတ်ဖြင့် မလေး ထောက်လှမ်းရေးများ ရှိနေပြီး ရဲကားနှစ်စီးမှလည်း မဲပေးရန် ၀င်ပေါက်နေရာတွင် ပိတ်ရပ်ထားသည် ဟု မျက်မြင်များက ပြောသည်။

နီးစပ်ရာ တို့ကို စုဝေးပြီး မဲပေးရာ နောက်ဆုံးနေ့ဖြစ်သော မနက်ဖြန် ၂၇ ရက်နေ့တွင် တစုတဝေးတည်း သွား၍ ကန့်ကွက်မဲ ပေးကြမည်ဟု တက်ကြွလှုပ်ရှားသူ တဦးမှ မဇ္ဈိမသို့ ပြောပြသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved