သတင်း သတင်းအကျဉ်းချုပ် ကနေဒါတွင်လည်း အခြေခံဥပဒေကို ဆန္ဒပြ
ကနေဒါတွင်လည်း အခြေခံဥပဒေကို ဆန္ဒပြ
E-mail
မဇ္ဈိမသတင်းဌာန   
တနင်္လာနေ့၊ ဧပြီလ 28 2008 20:54 - မြန်မာစံတော်ချိန်

တိုရန်တို။    ။ ကနေဒါနိုင်ငံ အိုတာဝါ မြို့ရှိ မြန်မာ သံရုံးရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူများက စစ်အစိုးရ၏ အခြေခံဥပဒေကို ဆန့်ကျင်သော ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့သည်။

တိုရန်တိုမြို့နှင့် အိုတာဝါမြို့တို့မှ  ကရင်၊ ချင်း၊ ရခိုင် စသော မြန်မာလူမျိုး ၁၀၀ ကျော်တို့သည် မြန်မာ သံရုံးရှေ့တွင် ဧပြီ ၂၆ ရက်နေ့၊ နံနက် ၁၁ နာရီမှ စတင် ဆန္ဒပြခဲ့ကြပြီး နေ့လည် ၂နာရီ ခွဲခန့်တွင် ပြီးဆုံးကြောင်း သိရသည်။

ဆန္ဒပြပွဲသို့ အင်ဒိုနီးရှား၊ ဗီယက်နမ် နှင့် တိဘက်လူမျိုးများလဲ ပူးပေါင်း ပါဝင်လာကြပြီး မြန်မာလူမျိုးတို့နှင့်အတူ သွေးစည်း ညီညွတ်မှုကို ပြသခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (ကနေဒါ) မှ အထွေထွေ အတွင်းရေးမှူး မစ္စတာ အဲလက်စ် နိဖ်၊ မြန်မာ့ မိတ်ဆွေ ပါလီမန်အမတ်များ အဖွဲ့မှ အဖွဲ့ဝင် မစ္စတာ ပေါလ် ဒီဝါ တို့မှ မိန့်ခွန်းများ ပြောကြားခဲ့သည် ဟု သတင်း ရရှိသည်။

စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းကို မြန်မာ စစ်အစိုးရအား သိစေရန်နှင့် အဆိုပါ ဥပဒေအား ကန့်ကွက်ကြသော မြန်မာတို့နှင့်အတူ သွေးစည်းညီညွတ်မှုကို ပြသသောအားဖြင့် အဆိုပါ ဆန္ဒပြပွဲကို ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဦးဆောင်ခဲ့သူ ကိုကျော်ဇောဝေက ပြောသည်။

 

သူတို့စကား

"နာဂစ်မုန်တိုင်း၏ ပျက်စီးဆုံးရှုံးမှု သေဆုံးခဲ့ရမှုများကို သင်ခန်းစာရယူပြီး ယခင်က ဖြစ်သလိုနေ၊ ဖြစ်သလိုစားသည့် စိတ်ဓာတ်ကို ပယ်ဖျက်ကာ လုံ့လဝီရိယထား၍ အလုပ်ကို ကြိုးစားလုပ်ကြစေလိုကြောင်း"

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်
ဖျာပုံမြို့နယ် ခရီးစဉ်အတွင်း ပြောကြားချက်

© Copyright 1998 - 2008 Mizzima News. All Rights Reserved