သတင်း သတင်းအကျဉ်းချုပ် ပတ်စပို့ဒ်အတုလုပ်သူ မြန်မာလူငယ်တဦး ထွက်ပြေးလွတ်မြောက်
ပတ်စပို့ဒ်အတုလုပ်သူ မြန်မာလူငယ်တဦး ထွက်ပြေးလွတ်မြောက် Print E-mail
မဇ္ဈိမသတင်းဌာန   
တနင်္လာနေ့၊ ဧပြီလ 28 2008 19:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ ပတ်စပို့အတု အကြီးအကျယ် လုပ်ကိုင်သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တဦးကို ထိုင်းနိုင်ငံတွင် ဖမ်းမိသော်လည်း သူ၏ လုပ်ဖော်ကိုင်ဖက် မြန်မာနိုင်ငံသား တဦးမှာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်၊

ထိုင်းနိုင်ငံ၊ ဘန့်ခေးမြို့နယ် (Bang Kae)၊ ဘန်ကောက် တွင် စနေနေ့က ရဲများ၏ စီးနင်းမှုအတွင်း ပတ်စပို့စ်အတု ရာပေါင်းများစွာနှင့် အတူ အသက် (၅၆) နှစ်အရွယ် Mohammed Karim ကို ဖမ်းဆီးမိသော်လည်း တင်ဦးဟု အမည်ရှိ မြန်မာနိုင်ငံသား တဦးမှာ လွတ်မြောက်နေသည်၊

အမေရိကန်၊ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ မလေးရှား၊ စင်ကာပူ၊ ဂျပန် စသော ကမ္ဘာ့ အနောက်ခြမ်းနှင့် အရှေ့ခြမ်းမှ ပတ်စပို့ဒ် စာအုပ်အတုများကို မြန်မာနှင့် ထိုင်းလူမျိုး ကြားပွဲစားများမှ တဆင့် ပြည့်တန်ဆာ၊ အကြမ်းဖက်သမားနှင့် ဆက်စပ်နေသူများကို ရောင်းချလေ့ ရှိသည်ဟုဆိုသည်။

ဖမ်းဆီးမိသော ပတ်စ်စပို့ဒ်အတု (၁၀၀၀) အနက် (၅၇၇) မှ အချောပြီးနေပြီး အခြား ပြုလုပ်ဆဲ စာအုပ်များနှင့် နိုင်ငံအသီးသီးမှ ဗီဇာတံဆိပ်တုံး အတုများကိုပါ ရဲက သိမ်းဆည်းရမိသည်။

ပတ်စ်ပို့အတု တခုကို ဘတ်ငွေ (၃၀၀၀) မှ တသောင်းအထိ အခကြေးငွေယူပြီး လစဉ် ဘတ်ငွေ (၃)သိန်းမှ (၄) သိန်းအတွင်း ၀င်ငွေ ရရှိသည်ဟု တရာခံ၏ ထွက်ဆိုချက်ကို ရဲများက ကိုးကားပြောဆိုသည်၊

ယခုကဲ့သို့ ပတ်စပို့ဒ် အတုများကို အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုသည် ထိုင်းနိုင်ငံတွင် လွန်ခဲ့သော (၄-၅) နှစ်အတွင်း အကြီးမားဆုံး ဖမ်းဆီးမှု ဖြစ်သည်။

မြန်မာလူမျိုး တရားခံကို မကြာခင်တွင် ဖမ်းဆီးနိုင်မည်ဟု ထိုင်းရဲက ယုံကြည်နေပြီး တရားခံများသည် ထောင်ဒဏ် နှစ် (၂၀) အထိ ကျခံရဖွယ် ရှိသည်။

 

သူတို့စကား

"မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရှိသေးတယ်လို့ ကျမတို့ ယုံကြည်တယ်"

နာဗီ ပီးလေး
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး