သတင်း သတင်းအကျဉ်းချုပ် ဒေါ်စု မွေးနေ့အတွက် တယ်လီဖုံး မက်ဆေ့ခ်ျများ ပေးပို့နေကြ
ဒေါ်စု မွေးနေ့အတွက် တယ်လီဖုံး မက်ဆေ့ခ်ျများ ပေးပို့နေကြ Print E-mail
ဂျေမိုး   
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 14:30 - မြန်မာစံတော်ချိန်

စင်္ကာပူ။     ။ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ ကဗျာရွတ်ပွဲနှင့် အခြားစိတ်ဝင်စားစရာ အစီအစဉ်များ အကြောင်းကို စင်္ကာပူ ရောက် မြန်မာများအကြား တယ်လီဖုန်း မက်ဆေ့ခ်ျများ ပေးပို့နေကြသည်။

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နေအိမ် အကျယ်ချုပ် ကျခံနေရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၏ မွေးနေ့ အထိမ်းအမှတ် ကျင်းပမည့် အစီအစဉ် သိရှိစေရန် မြန်မာများအကြား ဖုန်းမက်ဆေ့ခ်ျနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးပို့နေကြခြင်း ဖြစ်သည်။

မွေးနေ့ပွဲကို လာမည့် တနင်္ဂနွေနေ့တွင် အလှူပွဲ၊ ကဗျာရွတ်ဖတ်ပွဲများဖြင့် စင်္ကာပူရှိ တိုပါရိုး မြန်မာဘုန်းကြီးကျောင်း၌ သူမကို ထောက်ခံသူများက ဦးစီးကျင်းပသွားရန် စီစဉ်ထားသည်။

မွေးနေ့အခမ်းအနားတွင် ကဗျာရွတ်ဆိုမည့်သူ တဦးဖြစ်သော ကိုပေါက "ကဗျာဆရာ ဖုန်းဆိုးရဲ့ ၅၄ တက္ကသိုလ် ရိပ်သာလမ်း၊ ရန်ကုန်" ကို ရွတ်ဖို့ ရွေးချယ်ထားတယ် အဲဒီကဗျာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည် မျိုးရိုးကနေ ဆင်းသက်လာတယ်။ မြန်မာပြည်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အဓိက ပြဿနာတွေနဲ့ ပတ်သက်ပြီး ဒေါ်စုဟာ အတိတ် ပြဿနာသေတ္တာရဲ့ သော့တချောင်းဖြစ်သလို အနာဂတ်ဥယျဉ်တံခါးရဲ့ သော့တချောင်းလည်း ဖြစ်ပြန်တယ်လို့ ဆရာဖုန်းဆိုးက ရေးထားတယ်ဗျာ'' ဟု ပြောသည်။

သူက ဆက်ပြီး ''ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ် အနစ်နာခံတာတွေ၊ သူရဲ့ ထက်မြက်မှုတွေကို ဒီကဗျာထဲမှာ ဖေါ်ကျူးထားပြီးတယ်။ ဒီကဗျာကို ပြန်ဖတ်ရတာကလဲ ဒေါ်စုမွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ရယ်၊ နောက်လူတွေကို ကိုယ်လုပ်ရမယ့် တာဝန်တွေကို သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်ကြဖို့ နှိုးဆော်တဲ့ အနေနဲ့ ရွတ်မှာ" ဟု ပြောဆိုသည်။
 

သူတို့စကား

"မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရှိသေးတယ်လို့ ကျမတို့ ယုံကြည်တယ်"

နာဗီ ပီးလေး
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး