သတင်း သတင်းအကျဉ်းချုပ် သာကေတတွင် ကျောင်းပြို၍ အနည်းဆုံး ကျောင်းသား ၅ ဦး ဒဏ်ရာရ
သာကေတတွင် ကျောင်းပြို၍ အနည်းဆုံး ကျောင်းသား ၅ ဦး ဒဏ်ရာရ Print E-mail
မဇ္ဈိမသတင်းဌာန   
အင်္ဂါနေ့၊ ဇွန်လ 17 2008 17:30 - မြန်မာစံတော်ချိန်

နယူးဒေလီ
။     ။ သာကေတမြို့နယ်ရှိ အလယ်တန်းကျောင်းတကျောင်း အင်္ဂနေ့ နံနက်က ပြိုကျရာ အနည်းဆုံး ကျောင်းသားငါးဦး ဒဏ်ရာ ရသွားခဲ့သည်။

အုတ်စီ နှစ်ထပ် အဆောက်အဦးဖြစ်သော အခြေခံပညာ အမှတ် ၈ အလယ်တန်းကျောင်းသည် လွန်ခဲ့သည့် လအတွင်း ဖြစ်ပွားသော နာဂစ်မုန်တိုင်းဒဏ်ကြောင့် အပျက်အစီး များခဲ့ရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ သို့သော် စစ်အစိုးရ အမိန့်ဖြစ်သော ဇွန် ၂ ရက်နေ့မှ စတင်ကာ မဖြစ်မနေ ကျောင်းဖွင့်ရမည် ဆိုခြင်းအတွက် တက်သုတ်ရိုက် ပြင်ဆင်ခဲ့ကြရသည်။

စစ်အစိုးရက မြို့နယ်ပညာရေး အရာရှိများ၊ ကျောင်းအုပ်ဆရာ ဆရာမများကို ဇွန်လ ၂ ရက်နေ့ ကျောင်းပြန်ဖွင့်ရန် ညွန်ကြားခဲ့ပြီး လိုက်နာမှု မရှိလျှင် အရေးယူမည်ဟု ပါရှိသည်။
 

သူတို့စကား

"မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရှိသေးတယ်လို့ ကျမတို့ ယုံကြည်တယ်"

နာဗီ ပီးလေး
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး