သတင်း သတင်းအကျဉ်းချုပ် ဒီချုပ် လူငယ် ၁၇ ဦးကို အောင်သပြေတွင် ထိန်းသိမ်းထား
ဒီချုပ် လူငယ် ၁၇ ဦးကို အောင်သပြေတွင် ထိန်းသိမ်းထား Print E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ ဇွန်လ 06 2008 20:08 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့သို့ သွားရောက်ရန် ကြိုးစား၍ အဖမ်းခံခဲ့ရသူ လူငယ် ၁၇ ဦးကို ရဲစစ်ကြောရေး စခန်းတခုတွင် ထိန်းသိမ်းထားသည်။

ဒီချုပ်ပါတီဝင် လူငယ်များသည် ပါတီ အနိုင်ရခဲ့သည့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် ဒေါ်စု နေအိမ်သို့ ချီတက်ခဲ့ကြရာ လမ်းခုလတ်တွင်ပင် ရဲများက ဖမ်းဆီးခဲ့သည်။ ထို့နောက် သမိုင်းလမ်းဆုံအနီး အောင်သပြေ စစ်ကြောရေး စခန်းတွင် ချုပ်နှောင်ထားပြီး မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မပြုဘဲထားသည်။

ဖမ်းဆီးထားသူများကို ရုံးတင် တရားစွဲဆိုလျှင် အဖွဲ့ချုပ် အနေဖြင့် ရှေ့နေငှားရမ်းကာ တရား ရင်ဆိုင်သွားရန် ပြင်ဆင်လျှက် ရှိသည်ဟု အတိုက်အခံ နိုင်ငံရေးပါတီ သတင်းရပ်ကွက်က ပြောသည်။
 

သူတို့စကား

"တဘက်သတ် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခြင်းသည် အတိုင်းအတာ တခုအထိသာ အကျိုး သက်ရောက်မှု ရှိနိုင်ပါသည်။ ထို့ကြောင့် အခြားနိုင်ငံများ အနေဖြင့်လည်း ဤကိစ္စတွင် ပါဝင် ပူးပေါင်းရပါမည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အိမ်နီးချင်း နိုင်ငံအချို့သည် ဤသို့ ပူးပေါင်းပါဝင်ရန် စိတ်ပါဝင်စားမှု မရှိကြပါ"

ဂျော့ ဘုရှ်

အမေရိကန် သမတ

© Copyright 1998 - 2008 Mizzima News. All Rights Reserved