သတင်း သတင်းအကျဉ်းချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဧရာဝတီတိုင်းသို့ မနက်ဖြန် ခရီးလှည့်လည်ဖွယ်ရှိ
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဧရာဝတီတိုင်းသို့ မနက်ဖြန် ခရီးလှည့်လည်ဖွယ်ရှိ Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ မေလ 29 2008 17:49 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ စစ်အစိုးရ ဒုတိယအကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် သောကြာနေ့တွင် ဧရာဝတီတိုင်းတွင်းရှိ နာဂစ် မုန်တိုင်းဒဏ်ခံ ဒေသများသို့ လှည့်လည်ကြည့်ရှုမည် ဖြစ်ကြောင်း စစ်ဖက်ဆိုင်ရာ သတင်းရပ်ကွက်တခုက ပြောသည်။

နေပြည်တော်တွင် ကွပ်ကဲမှု ပြုလုပ်နေရသည့် စစ်ဖက် နံပါတ် ၂ ခေါင်းဆောင်သည် မည်သည့် ဒေသသို့ သွားရောက်မည် ဆိုသည်ကိုမူ ပြောဆိုရန် ငြင်းဆန်သွားသည်။

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် မေလ ၂ ရက်နေ့ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန် နောက်ပိုင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နှင့် စစ်အစိုးရခေါင်းဆောင် တွေ့ဆုံမှုတွင်သာ တက်ရောက်ခဲ့ပြီး လူမြင်ကွင်း တကြိမ်သာ ထွက်ခဲ့သည်။

စစ်ဘက်ခေါင်းဆောင်များ၏ ခရီးစဉ်များသည် အထူးလျို့ဝှက်ချက်ဖြစ်ပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

 

သူတို့စကား

"တဘက်သတ် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခြင်းသည် အတိုင်းအတာ တခုအထိသာ အကျိုး သက်ရောက်မှု ရှိနိုင်ပါသည်။ ထို့ကြောင့် အခြားနိုင်ငံများ အနေဖြင့်လည်း ဤကိစ္စတွင် ပါဝင် ပူးပေါင်းရပါမည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အိမ်နီးချင်း နိုင်ငံအချို့သည် ဤသို့ ပူးပေါင်းပါဝင်ရန် စိတ်ပါဝင်စားမှု မရှိကြပါ"

ဂျော့ ဘုရှ်

အမေရိကန် သမတ

© Copyright 1998 - 2008 Mizzima News. All Rights Reserved