သတင်း သတင်းအကျဉ်းချုပ် လူသားချင်းစာနာသော ကြားဝင် ဆောင်ရွက်မှု လုပ်ရန် စင်္ကာပူတွင် စည်းရုံးနေ
လူသားချင်းစာနာသော ကြားဝင် ဆောင်ရွက်မှု လုပ်ရန် စင်္ကာပူတွင် စည်းရုံးနေ
E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ မေလ 09 2008 21:41 - မြန်မာစံတော်ချိန်
ချင်းမိုင်။     ။ စစ်အစိုးရ တားမြစ်နေသော်လည်း လူသားချင်း စာနာထောက်ထားပြီး ကြားဝင် ဆောင်ရွက်မှုများ အမြန်ဆုံး ဆောင်ရွက်ပါရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ စင်္ကာပူရောက် မြန်မာများ တောင်းဆိုမှုအတွက် လှုံ့ဆော်သူများက စတင် စည်းရုံးနေကြပြီ ဖြစ်သည်။
 
ကောက်ယူရရှိသော လက်မှတ်များကို စင်္ကာပူနိုင်ငံရှိ အမေရိကန် သံရုံးအပါအဝင် သက်ဆိုင်ရာ သံရုံးများသို့ တနင်္လာနေ့ နောက်ဆုံးထားပြီး ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း တယ်လီဖုံး မက်ဆေ့ဂ်ျမှတဆင့် စည်းရုံးရေး လုပ်နေသည့် လမ်းပြကြယ်မှ သတင်းထုတ်ပြန်သည်။

စင်္ကာပူနိုင်ငံရှိ မြန်မာများ လက်မှတ်ရေးထိုးရာတွင် လွယ်ကူစွာ ပါဝင်နိုင်ရန်အတွက် စနေနေ့ နေ့လည် (၁၂) နာရီမှ စတင်ကာ ပင်နီဇူလ (၅)လွှာရှိ လမ်းပြကြယ် စာကြည့်တိုက်၊ မဟာဝိဟာရ ကျောင်းတိုက်များတွင် စနေနှင့် တနင်္ဂနွေနေ့များတွင် လက်မှတ်များ လာရောက် ထိုးနိုင်သည်ဟု ကြေငြာထားသည်။
 

သူတို့စကား

"နာဂစ်မုန်တိုင်း၏ ပျက်စီးဆုံးရှုံးမှု သေဆုံးခဲ့ရမှုများကို သင်ခန်းစာရယူပြီး ယခင်က ဖြစ်သလိုနေ၊ ဖြစ်သလိုစားသည့် စိတ်ဓာတ်ကို ပယ်ဖျက်ကာ လုံ့လဝီရိယထား၍ အလုပ်ကို ကြိုးစားလုပ်ကြစေလိုကြောင်း"

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်
ဖျာပုံမြို့နယ် ခရီးစဉ်အတွင်း ပြောကြားချက်

© Copyright 1998 - 2008 Mizzima News. All Rights Reserved