သတင်း သတင်းအကျဉ်းချုပ် မန္တလေးမှာ အင်တာနက်ရပြီ
မန္တလေးမှာ အင်တာနက်ရပြီ Print E-mail
မဇ္ဈိမသတင်းဌာန   
တနင်္လာနေ့၊ မေလ 05 2008 23:30 - မြန်မာစံတော်ချိန်

ချင်းမိုင်။   ။ ယနေ့ မွန်းလွဲပိုင်းခန့်၌ မန္တလေးမြို့တွင် အင်တာနက် ပြန်လည်အသုံးပြု၍ ရလာပြီ ဖြစ်သည်။

မြန်မာတယ်လီပေါ့တ် (ယခင် ပုဂံဆိုဒ်ဘာတက်) မှ ဘရော့ဘန်းလိုင်းများ ပြန်လည်ကောင်းလာပြီး အင်တာနက် အသုံးပြုရသည်မှာ ပိုပင် မြန်ဆန်လာသည်။

ပြီးခဲ့သည့် စနေနေ့ကတည်းက နာဂစ်မုန်တိုင်း ၀င်ရောက်မှုကြောင့် ရန်ကုန်မြို့တွင် အင်တာနက်လိုင်းများ အပါအ၀င် ဖုန်းလိုင်းများ၊ လျှပ်စစ်မီးများပါ ပြတ်တောက်ကုန်၍ အခြားမြို့များတွင်လည်း အင်တာနက် အသုံးပြုမှုများ ရပ်ဆိုင်းသွားခဲ့ရသည်။ 

ရန်ကုန်မြို့တွင်မူ လျှပ်စစ်မီး အခက်အခဲ၊ ဖုန်းလိုင်း ပြတ်တောက်မှုများကြောင့် အင်တာနက်များ ပုံမှန်အတိုင်း ပြန်မဖြစ်သေးပါဟု ဒေသခံများက ပြောသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved