ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > လူမျိုးရေးဥပဒေ ဆိုသည်မှာ ဆွေးနွေးဆဲသာ ဖြစ်ကြောင်း RNDP ရှင်းလင်း

လူမျိုးရေးဥပဒေ ဆိုသည်မှာ ဆွေးနွေးဆဲသာ ဖြစ်ကြောင်း RNDP ရှင်းလင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ တိုင်းပြည်အတွင်း တရားမဝင် ဝင်ရောက်လာသူများကိစ္စ ထိရောက်စွာ တားဆီး
ဖြေရှင်းနိုင်ရေး အတွက် လူမျိုးရေးဆိုင်ရာ ဥပဒေတခုကို ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) မှ ဇူလိုင်လ လွှတ်တော်သို့ တင်သွင်းမည်ဟု သတင်း ထွက်ပေါ်နေသော်လည်း ပါတီတွင်း ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ပါတီ ထိပ်တန်းခေါင်းဆောင်များက ပြောသည်။

RNDP လွှတ်တော် ကိုယ်စားလှယ်တဦးအား ကိုးကား၍ အင်တာနက် သတင်းတရပ်တွင် ဖော်ပြပါရှိလာသော်လည်း ၎င်းမှာ ပါတီတွင်း အဆိုပြုချက်တခုသာ ဖြစ်သေးကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားလိုက်သည်။

“ရန်ကုန်ကျမှ ဆုံရမှ အသေးစိတ်ကိုတော့ သိရမယ်။ ကျနော်တို့ ပြန်မညှိရသေးဘူး။ သူက ရန်ကုန်ကနေပြီး အဆိုပြု တာကိုး။ သူအဆိုပြုတာလည်း ပါတီတွင်းပေါ့။ သူ တင်မယ်ဆိုတဲ့ ဥစ္စာကလည်း အသေးစိတ်က ကျနော်တို့နဲ့ မညှိရသေးဘူး။ အမျိုးသားရေးကို အခြေပြုတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ အသေးစိတ် ညှိရမှာပေါ့” ဟု ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေစဉ် မဇ္ဈိမကို ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ် အခြေအနေသည် ပုံမှန် အနေအထားသို့ မရောက်ရှိသေးဘဲ ပြဿနာရပ်များ ရှုပ်ထွေးနေပြီး အခက်အခဲကြားတွင် ရုန်းကန်ဖြေရှင်း နေရကြောင်းနှင့် ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က ပြောသည်။  

“ေယဘုယ်ပါ။ ကျနော်တို့ကြိုးစားနေတာပါ။ ပြင်ဆင်နေတာပါ။ ဥပဒေအမည် တိတိကျကျ မရှိသေးဘူးခင်ဗျ။ လွှတ်တော်ကလည်း နီးလာပြီ။ ၄ ရက်နေ့ လွှတ်တော်ခေါ်တဲ့ အခါမှာ ကျနော်တို့ ရခိုင်ပြည်ရဲ့ ဖြစ်ပျက်ခဲ့တဲ့ အနေအထားပေါ်မှာ ကျနော်တို့ ပြန်လည် သုံးသပ်ပြီးတော့ ဥပဒေတွေ၊ အဆိုတွေ၊ မေးခွန်းတွေ တင်နိုင်အောင် ကျနော်တို့ ဥပဒေရေးရာ ကော်မတီက စနေနေ့မှာ အစည်းအဝေးရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဧပြီလ ၂ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် တိုင်းပြည်အတွက် လိုအပ်
သော ယင်းကဲ့သိုသော ဥပဒေတရပ် ရေးဆွဲပေးပါရန် ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှလွှတ်တော် ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းထံသို့ တင်ပြတောင်းဆိုခဲ့သည်။

မြန်မာတနိုင်ငံလုံး လွှမ်းခြုံနိုင်မည့် သန်းခေါင်စာရင်း ကောက်ခံမှုကို ကုလသမဂ္ဂမှ နည်းပညာပိုင်းဆိုင်ရာနှင့် ငွေကြေး အကူအညီများဖြင့် ၂ဝ၁၄ ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ရန် စီစဉ်ထားပြီး ၂ဝ၁၅ ခုနှစ်တွင် ထုတ်ပြန်သွားမည်
ဖြစ်သည်။

သန်းခေါင်စာရင်း မေးခွန်းလွှာတွင် ပါဝင်ရမည့် အချက်များ၊ နယ်စပ်ဒေသများ အပါအဝင် မြန်မာနိုင်ငံ တဝှမ်းလုံး အကြုံးဝင်နိုင်ရေး၊ ရပ်ကျေးအဆင့်မှ မြို့နယ်၊ ပြည်နယ်/တိုင်း အဆင့်ဆင့် အာဏာပိုင် အဖွဲ့အစည်းများအား စုရုံးနိုင်ရေးတို့ကိုလည်း ဆွေးနွေးထားသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 123 guests online