သတင်း ပြည်တွင်းသတင်း မိမိကိုယ်ကို မီးရှို့ဆန္ဒပြသူ ကွယ်လွန်
မိမိကိုယ်ကို မီးရှို့ဆန္ဒပြသူ ကွယ်လွန် Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 23 2008 20:11 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ ရွှေတိဂုံဘုရားပေါ်တွင် မိမိကိုယ်ကို မီးရှို့ခဲ့သဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားသူ လူငယ်သည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက သေဆုံးသွားပြီ ဖြစ်ကြောင်း ရန်ကုန်မှလာသော အေပီ သတင်းတပုဒ်က ဆိုသည်။

ဆေးရုံမှ အရာရှိတဦးကို ကိုးကားသော သတင်းအရ ခန္ဓာကိုယ်တွင် (၆၀) ရာခိုင်နှုန်းကျော် မီးလောင်ခံထားရသူ အသက် (၂၆) နှစ်အရွယ် ကိုကျော်ဇင်နိုင်သည်  ယခုလ (၁၇) ရက်နေ့ ကတည်းက သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ဇာတိဖြစ်သူ ကိုဇင်နိုင်သည် မတ်လ (၂၁) ရက်နေ့၊ သောကြာနေ့က ရွှေတိဂုံ ဘုရားပေါ်တွင် လူစည်ကားချိန်၌ ဓာတ်ဆီလောင်းပြီး မိမိကိုယ်ကို မီးရှို့ဆန္ဒပြရာ လုံခြုံရေးများက ၀ိုင်းဝန်း ဆေးရုံပို့ခဲ့သည်။

မျက်မြင်သက်သေများကို ကိုးကားသော အစောပိုင်း သတင်းများအရ ကိုကျော်ဇင်နိုင်သည် ကိုယ်ကို မီးရှို့ခြင်း မပြုလုပ်မီတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စားဝတ်နေရေး အခက်အခဲများကို ရေရွတ် ပြောဆိုပြီးနောက် "စစ်အစိုးရ ကျဆုံးပါစေ" ဟု အော်ဟစ်ခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရ အုပ်ချုပ်သော မြန်မာပြည်တွင် ကုန်ဈေးနှုန်းကြီး ကျဆင်းရေး ဆန္ဒပြမှုများ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဆက်တိုက် ဖြစ်ပွားခဲ့သည်။

သို့သော် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ တိုင်းပြည်တွင် အစိုးရအပေါ် မကျေနပ်ရာမှ ယခုကဲ့သို့ မိမိကိုယ်ကို သေကြောင်း ကြံစည်သည်အထိ စွန့်စားမှုမျိုးသည် ပထမဦးဆုံး ဖြစ်သည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved