ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > 7 July နှစ် (၅၀) ပြည့် အခမ်းအနား မန္တလေးတွင် ကျင်းပရန် စီစဉ်နေ

7 July နှစ် (၅၀) ပြည့် အခမ်းအနား မန္တလေးတွင် ကျင်းပရန် စီစဉ်နေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုဖျက်ခံရသည် နှစ် (၅၀) ပြည့် 7 July နေ့အခမ်းအနားကို မန္တလေးမြို့တွင် ကျင်းပရန်အတွက် ဗကသ များအဖွဲ့ချုပ် (အထက်ဗမာပြည်)မှ ဦးစီး၍ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

“ကျနော်တို့ မန္တလေးတိုင်း အထွေထွေ အုပ်ချုပ်ရေးမှုးဆီကို အခမ်းအနား ကျင်းပခွင့်ပေးဖို့ ကျနော်တို့ တရားဝင်တင် ပါမယ်။ ကျနော်တို့အနေနဲ့ကတော့ ပေးမယ်လို့လည်း မျှော်လင့်တယ်။ မပေးဘူးဆိုရင် ကျနော်တို့ဘာသာ ကျနော်တို့
ဖြစ်အောင် ကျင်းပမယ်ခင်ဗျ။ ကျနော်တို့ ဝမ်းနည်းကြေကွဲပြီးတော့ ကျဆုံးသွားတဲ့ နောင်တော်ကျောင်းသားတွေကို ဂုဏ်ပြုရမယ့် အခမ်းအနား ဖြစ်ပါတယ်။ အမှတ်တရအနေနဲ့ ကျောင်းသားသမိုင်းမှာလည်း ဒါဟာအကြီးကျယ်ဆုံး
ဖြစ်ပါတယ်။” ဟု ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် က မဇ္စျိမသို့ ပြောသည်။

ပြီးခဲ့သည့်မေလ (၁၇) ရက်နေ့မှစတင်ကာ ဗကသများ အဖွဲ့ချုပ်၊ ပြင်ပစည်းရုံးရေး ကော်မတီမှ၊ လက်ကမ်း စာစောင်များ
ဝေငှခြင်း၊ စတေကာကပ် လှုပ်ရှားမှုများကို မန္တလေးမြို့ ဈေးများတွင် ပြုလုပ်ခဲ့ကြပြီး ဈေးချိုသူ၊ ဈေးချိုသားများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြောင်း သိရသည်။
7-july-1962-23
မန္တလေးမြို့ရှိ ဝါရင့်စာရေးဆရာများ၊ (၆၂) ခုနှစ်မျိုးဆက် ကျောင်းသားဟောင်းများ၊ အင်အားဖြည့် ကူညီသွားမှာဖြစ်ပြီး ဆရာကြီးဒဂုန်တာရာနှင့်အတူ မြို့မိ၊မြို့ဖများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ဆရာကြီးဒဂုန်တာရာရဲ့အိမ်မှာ ဆရာကြီးကိုကျနော်တို့က  ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က ကျောင်းသား မျိုးဆက်ဆိုတော့ နာယကအဖြစ် ပါဝင်ပေးဖို့ ခွင့်ပန်ပါတယ်။ ဆရာကြီးက သဘောတူပါတယ်။ လိုအပ်တဲ့ သူဆီမှာရှိတဲ့ စာရွက်စာတမ်းတွေ ကူညီပေးဖို့ သဘောတူပါတယ်။ ၁၉၆၂ ခုနှစ်က မန္တလေးခရိုင် ကျောင်းသားများ ဥက္ကဋ္ဌ ဦးစောလွင်တို့၊ ဒီအထဲမှာပါပါမယ်။ ဆရာသင့်နော်လည်း ပါပါမယ်။” ဟု ကိုရဲရင့်ကျော်က ပြောပြသည်။

အထက်ဗမာပြည် ဗကသ များအဖွဲ့ချုပ်တွင် ကျောက်ဆည်၊ မန္တလေး၊ မုံရွာ၊ ရမည်းသင်း၊ ဗန်းမော် ခရိုင်ကျောင်းသား သမဂ္ဂများ ပါဝင်လျှက်ရှိပြီး  ကျောင်းသူ၊ကျောင်းသား အင်အား (၇၀၀) ကျော်ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး အပါအဝင် အခြားနယ်မြို့များတွင်လည်း နှစ်(၅၀) ပြည့် 7 July အခမ်းအနားများကို  ဗကသ များအဖွဲ့ချုပ် ဗဟိုနှင့် ညှိနှိုင်းတိုင်ပင်ကာ ဟန်ချက်ညီညီ ကျင်းပသွားနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

၁၉၆၂ ခုနှစ်၊ ဇူလှိုင် (၇) ရက်နေ့တွင် ကျောင်းသား (၂၀၀၀) ကျော်တက်ရောက်သည့် ရန်ကုန်တက္ကသိုလ်ကျောင်းသား များသမဂ္ဂ အစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း ကျောင်းဆောင် စည်းကမ်းများ ဖျက်သိမ်းရေး၊ ကျောင်းဆောင်
ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် ပါဝင်ခွင့်ပေးရေး၊ ကျောင်းဆောင်လိုသူကျောင်သားတိုင်း ကျောင်းဆောင် ရရှိရေး၊ ကျောင်းဆာင်သစ်များ ဆောက်လုပ်ပေးရေး၊ ဖိနှပ်ချုပ်ချယ်သည့် ကျောင်းဆောင်စည်းကမ်းများ ရုပ်သိမ်းပေး
ရေး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
7-july-1962-2
ကျောင်းသားများ၏ တောင်းဆိုချက်များကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရက လိုက်လျောခြင်း မပြုသည့်အပြင် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုများဖြင့် နှိမ်နင်းခဲ့သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြင့် ဆန့်ကျင်ခဲ့သည်ကို သေနတ်နှင့် ပစ်သဖြင့် ကျောင်းသားများ သွေးမြေကျခဲ့ရသည့် ရန်ကုန် တက္ကသိုလ်ကျောင်းသားအရေးတော်ပုံနေ့ကို ဂုဏ်ပြုကာ 7 July နေ့ ဟူ၍ပေါ်ပေါက်ခဲ့ရသည်။

ထို့နေ့ရက်တွင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျောင်းသားများ ရာဂဏန်းခန့် သေဆုံးခဲ့ရပြီး၊ နောက်တနေ့ ဇူလိုင်လ ၈ ရက်နေ့မနက်တွင် တော်လှန်ရေးကောင်စီအစိုးရက ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း တည်ရှိသည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့်မေလ (၁၉) ရက်နေ့ကလည်း နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဦးမြင့်က ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း ခေတ်နှင့်အညီ ပြန်လည်တည်ဆောက်ရန် ‘ရန်ကုန်တက္ကသိုလ် ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာ ကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ’ တွင်တိုက်တွန်း ဖော်ပြ ထားသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 243 guests online