သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > Grand Royal စက်ရုံလုပ်သားများ သောက်ရေနှင့် ကြိုပို့ယာဉ် တောင်းဆို

Grand Royal စက်ရုံလုပ်သားများ သောက်ရေနှင့် ကြိုပို့ယာဉ် တောင်းဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ ရွှေပြည်သာ စက်မှုဇုန်ရှိ Grand Royal အရက် ထုတ်လုပ်သည့် စက်ရုံမှ လုပ်သားများက သောက်ရေ အလုံအလောက်ရရှိရေး၊ ကြိုပို့ယာဉ် ထားရှိပေးရေးနှင့် အခြေခံ လစာကိစ္စတို့နှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ ဗုဒ္ဓဟူးနေ့က တင်ပြတောင်းခံမှုများ ပြုလုပ်ထားကြောင်း အလုပ်သမားများ ကိုယ်စား Bottling အုပ်စုမှ ကိုဝင်းဇော်မင်းက ပြောသည်။

“သောက်ရေက စက်ရုံမှာ အလုပ်ခန်းတခုကို ၂၀ လီတာဗူး တဗူး ပေးတယ်။ လူက ၂၀၀ လောက် ရှိတာဆိုတော့ အဆင်မပြေဘူး။ ကြိုပို့ကိစ္စကကျတော့ မနက် OT ဆင်းခိုင်းရင် ကလေးတွေ လာရသွားရတာ အဆင်မပြေတဲ့ကိစ္စတွေ ရှိတယ်။ မနက် ၇ နာရီဆိုတော့ ဝေးတဲ့လူတွေနဲ့ သွားရတာ အရမ်းခက်တယ်။ အဆိုးဆုံးက မနက် ၇ နာရီဆို ၅ မိနစ် နောက်ကျတာနဲ့ ဝင်လို့မရတော့ဘူး။ ဒီလို ဝင်လို့မရရင် ရက်ကြေးရယ် အပိုဆုကြေးရယ် ဖြုတ်တယ်” ဟု ကိုဝင်းဇော်မင်း က ပြောသည်။

ထိုအခွင့်အရေးများ ရရှိနိုင်ရန်အတွက် စက်ရုံတွင်း ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သော်လည်း ထိရောက်သောအဖြေ မရရှိသဖြင့် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြညှိနှိုင်း ဆောင်ရွက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေ့လည်း စက်ရုံမှာ ညှိဖို့ခေါ်တာ မနက် ၁ဝ နာရီက။ ကျနော်တို့က မညှိတော့ဘူး။ ဒီ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှာပဲ ညှိမယ်ဆိုပြီး လာကြတယ်။ ဒီမှာအုပ်စု ၁ နဲ့ အုပ်စု ၂ နှစ်ခု ပေါင်းဖို့ လုပ်ထားတယ်။ လူ ၅၀၀ ဝန်းကျင်လောက်တော့ ရှိနေပြီ” ဟု ပြောသည်။

တောင်းဆိုချက်များအတွက် အင်္ဂါနေ့က အုပ်စု ၁ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ရာတွင်လည်း အဆင်ပြေမှု မရရှိကြောင်း သိရသည်။

“ဒီလိုဖြစ်နေတာတွေက ဥပဒေ လိုအပ်ချက်လို့ မြင်တယ်။ အခြေခံလစာ သတ်မှတ်ချက် မရှိတော့ ပြောရတာခက် တယ်။ ကျနော်တို့မှာ တလလုံးပေါင်းမှ လစာ လေးသောင်း လောက်ပဲ ရတယ်။ အခြေခံလစာဆိုရင် သုံးသောင်းကျော်ပဲ ရှိတယ်” ဟု ဝန်ထမ်းတဦးက ပြောသည်။

၎င်း Grand Royal စက်ရုံသည် ရွှေပြည်သာ စက်မှုဇုန် တည်ဆောက်စဉ်ကတည်းက တည်ထောင်ထားခဲ့သည်။

လှိုင်သာယာ စက်မှုဇုန်ရှိ Hi-mo ဆံပင်တု စက်ရုံမှ အမျိုးသမီး အလုပ်သမားများကလည်း အခြေခံလစာ တိုးမြှင့်ရေး အပါအဝင် ၇၈ ချက်ပါ တောင်းဆိုချက်များဖြင့် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံး၌ ဗုဒ္ဓဟူးနေ့တွင်ပင် ဆန္ဒပြ အရေးဆိုလျက် ရှိကြသည်။

အလုပ်သမားပေါင်း ၁,၈၀၀ ခန့်ရှိသည့် ထိုစက်ရုံတွင်မူ အများစုမှာ အခြေခံလစာအဖြစ် ကျပ် ၈,၅၀၀ သာ ရရှိကြပြီး ၃ သောင်းခွဲအထိ ရရှိရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 87 guests online