စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဦးသိန်းစိန်နှင့် ဒေါ်စုအား မစ္စတာဘန်ကီမွန်း ချီးကျူး

ဦးသိန်းစိန်နှင့် ဒေါ်စုအား မစ္စတာဘန်ကီမွန်း ချီးကျူး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အရည်အချင်း ပြည့်ဝသော
နိုင်ငံ့ခေါင်းဆောင်များအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း က တနင်္လာနေ့တွင် ချီးကျူးပြောဆိုလိုက်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နေ့လည် ၁၂ နာရီခန့်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့စဉ် ထိုသို့ ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နိုင်ငံတော်အကျိုးအတွက် နိုင်ငံရေးကို ကျော်လွှားနိုင်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် နိုင်ငံ့ခေါင်းဆောင် အရည်အချင်း ပြည့်ဝမှုကို ဖော်ဆောင်ပြသနိုင်ခဲ့သည်”ဟု အတွင်းရေးမှူးချုပ်က ပြောဆိုသွားသည်။
ben1ထို့ပြင် မြန်မာနိုင်ငံအပေါ် နိုင်ငံအချို့မှ အရေးယူ ပိတ်ဆို့မှုများအား ပိုမိုလျှော့ပေါ့ ပိုမိုဖွင့်ပေးကြရန် တိုက်တွန်း
တောင်းဆိုလိုက်သည်။

“ဒီကနေ့ ကျနော်က အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းကို ပိတ်ဆို့မှုအပေါင်းကို ဖယ်ရှားခြင်း၊ လျှော့ပေါ့ခြင်း၊ ဆိုင်းငံ့ခြင်းတို့ကို ပိုမိုဆောင်ရွက်ကြပါရန် တောင်းဆိုလိုပါတယ်” ဟု မစ္စတာဘန်ကီမွန်း က ပြောသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးအဖြစ် တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့သော မစ္စတာဘန်ကီမွန်းက “ပြုပြင်ပြောင်းလဲမှုရဲ့ အကောင်းဆုံးအားပေးမှုက ထောက်ပံ့မှုမှာ ရင်းနှီးမြှုပ်နှံခြင်းပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လွှတ်တော်ဟာ အကူအညီ ထောက်ပံ့ခြင်းကို ဖြစ်စေတဲ့ အခြေအနေများ ဖန်တီးရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းတွင် ဆက်လက် ပြောကြားသွားသည်။

သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် မနက်ပိုင်းတွင် သီးခြားစီ တွေ့ဆုံခဲ့ပြီးနောက်
ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်မိန့်ခွန်း မြွက်ကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအား အပြည့်အဝ ဖော်ဆောင်နိုင်ရန်အတွက် တိုးတက်ရန် လိုနေသေးသည်များ လည်း ထောက်ပြပြောဆိုသွားခဲ့သေးသည်။

“ဥပမာ ရွှေ့ပြောင်းခံရသော လူထုများ၊ တိုင်းရင်းသားလူမျိုးစုနှင့် နိုင်ငံရေးအဖွဲ့များအတွက် လုံခြုံရေး အာမခံခြင်းနှင့်
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းတို့ ဖြစ်ပါတယ်” ဟု မစ္စတာဘန်ကီမွန်း က ဆိုသည်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း ကျန်ရှိနေသေးသည့် ကချင်လွတ်လပ်ရေးအဖွဲ့နှင့် သဘောတူညီမှုမရသေးသည့်အပေါ်တွင်လည်း “ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဖော်ဆောင်စေမယ့် အပစ်အခတ်ရပ်စဲမှုနှင့် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက် အခွင့်အလမ်းကို ကချင်လူမျိုးစုတွေ မဆုံးရှုံးသင့်ပါ” ဟု ထောက်ပြ ပြောဆိုသွားခဲ့သည်။

လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ရန်အတွက် ကချင်ပြည်နယ်တွင်း ကုလသမဂ္ဂအဖွဲ့အစည်းများ သွားလာခွင့်ပြုသည့်အပေါ်လည်း မစ္စတာဘန်ကီမွန်းက မြန်မာအစိုးရကို အသိအမှတ်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံ၏ ရှေ့ခရီးတွင် နိုင်ငံတကာမျက်နှာစာ၌ မှတ်ကျောက်ကြီးနှစ်ခု ရှိနေပြီး ၎င်းတို့မှာ ၂ဝ၁၄ ခုနှစ်အတွင်း အာဆီယံ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းယူခြင်းနှင့် ၂ဝ၁၅ ခုနှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပခြင်းတို့
ဖြစ်သည်ဟု ဆိုသည်။

၂ဝ၁၄ ခုနှစ်တွင် နှစ်ပေါင်း ၃၁ အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ခံရေး အတွက်လည်း ကုလသမဂ္ဂ အဖွဲ့အစည်းများအနေနှင့် ပူးပေါင်း ပါဝင်ကူညီရန် အတွင်းရေးမှူးချုပ်က တနင်္လာနေ့တွင်ပင် သဘောတူ လက်မှတ်ရေးထိုးသွားခဲ့သည်။

မြန်မာ့လူဦးရေ ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား တခုနှင့်တခု တူညီမှု မရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈ သန်းဟု ခန့်မှန်းပြီး အာရှဖွဲ့ဖြိုးရေးဘဏ်က သန်း ၆၀ ဟု ခန်ပမှန်းက နိုင်ငံတကာ ငွေကြေး
ရန်ပုံငွေ အဖွဲ့ကြီးကမူ ၆၄ သန်းဟု မြန်မာနိုင်ငံ လူဦးရေအား ခန့်မှန်းထားကြသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုများရှိရာ ရှမ်းပြည်နယ်သို့လည်း သွားရောက်
ကြည့်ရှု လေ့လာဦးမည် ဖြစ်သည်။ ကုလသမဂ္ဂ HIV/AIDS အစီအစဉ်၏ အဆိုအရ မြန်မာနိုင်ငံသည် အာဖကန်နစ္စတန် ပြီးလျှင် ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ကာ မူးယစ်ဆေးသုံးစွဲသူ ပိုမိုများပြားလာလျက်ရှိပြီး အာရှတိုက်တွင် HIV ကူးစက်မှု တတိယအများဆုံးနိုင်ငံအဖြစ် တည်ရှိနေသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 81 guests online