အင်္ဂါ, ၁၈ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > သတင်းရေးသူကို The Voice ဖော်ထုတ်ပေးမည် မဟုတ်

သတင်းရေးသူကို The Voice ဖော်ထုတ်ပေးမည် မဟုတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနအချို့၌ ငွေကြေး အလွဲသုံးစား ပြုမှုများ ရှိနေသည်ဟု The Voice ဂျာနယ်ပါ သတင်း ရေးသားသူကို ဖေါ်ထုတ်ပေးရန် သတ္တုတွင်းဝန်ကြီးဌာနက သောကြာနေ့ တရားရုံးချိန်းတွင် ထပ်မံ လျှောက်ထားသော်လည်း ဂျာနယ် အယ်ဒီတာချုပ်က ဦးကျော်မင်းဆွေက ဖေါ်ထုတ်မည် မဟုတ်ကြောင်း ပြောသည်။

“ဒီကိစ္စက ရှင်းနေတာပဲဗျ။ သတင်းထောက်နာမည်က ဖေါ်စရာကို အကြောင်းမရှိဘူး။ ဒီကိစ္စမှာ အဓိက တာဝန်ရှိသူက သတင်းထောက် မဟုတ်ဘူး။ အဓိက က အယ်ဒီတာချုပ်ရယ်၊ ထုတ်ဝေသူရယ်ပဲ။ အယ်ဒီတာက ထည့်ပါဆိုမှ ဒီသတင်းက ပါမှာ။ ဒါဟာ ကျင့်ဝတ်ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့ဘက်က လုံးဝ ဖေါ်မှာ မဟုတ်ဘူး” ဟု ဦးကျော်မင်းဆွေ က မဇ္ဈိမကို ပြောသည်။

ဧပြီလ ၉ ရက်နေ့ကလည်း သတင်းထောက်အား ဖော်ထုတ်ပေးရန် ဝန်ကြီးဌာနက တရားရုံးတွင် လျှောက်ထားခဲ့ရာ The Voice ဘက်မှ ထုတ်ဖေါ်မည်မဟုတ်ကြောင်း ပြန်လည် လျှောက်ထားခဲ့ပြီးဖြစ်သည်။ သို့သော် သတင်းထောက် အား ဖေါ်ထုတ်ပေးရန်မှာ အယ်ဒီတာချုပ်တွင် တာဝန်ရှိကြောင်း ထပ်မံ လျှောက်ထားလာခြင်း ဖြစ်သည်။

၁၉၃၅ ခုနှစ်အတွင်းက အိုးဝေမဂ္ဂဇင်းတွင် ပါရှိလာသည့် “ငရဲခွေးကြီး လွတ်နေပြီ” ဆောင်းပါးနှင့် ပတ်သက်၍ ဗြိတိသျှ အစိုးရမှ ထိုဆောင်းပါး ရေးသားသူကို ဖေါ်ထုတ်ပေးရန် တောင်းဆိုသော်လည်း တရာရုံးမှ သတင်းရေးသားသူကို
ဖေါ်ထုတ်ရန် မသင့်ဟု ဆုံးဖြတ်ပေးခဲ့ခြင်းကို ကိုးကား၍ ဧပြီ ၉ ရက်နေ့က လျှောက်ထားခဲ့ပြီးဟုလည်း ဂျာနယ်၏ တရားလွှတ်တော် ရှေ့နေ ဦးဝင်းရွှေက ပြောသည်။

“ဒါကတော့ စီရင်ထုံးတွေလည်း ရှိပြီးသားပဲ။ သတင်းရေးသူကို ဖေါ်ထုတ်ခွင့် မရှိဘူး” ဟု ဦးဝင်းရွှေက ပြောသည်။

တရားရုံးမှ မေလ ၁၁ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပြီး ထိုနေ့တွင် သတင်းရေးသားသူကို ဖေါ်ထုတ်ရန် အမိန့်ချမည် ဆိုပါကလည်း “သတင်းရေးသားသူကို ဖေါ်ထုတ်ပေးဖို့ အမိန့်ချမယ်ဆိုရင် ကျနော်တို့ဘက်က အဲဒီအမိန့်နဲ့ ပတ်သက်ပြီးတော့ ဒီ့ထက် အဆင့်မြင်တဲ့ သက်ဆိုင်ရာရုံးကို တက်မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ဒဂုံမြို့နယ် တရားရုံးတွင်ပြုလုပ်သည့် သောကြာနေ့ ကြားနာစစ်ဆေးမှုတွင် The Voice ဂျာနယ်မှ ထုတ်ဝေသူ
ဒေါ်ခင်ကြွယ်ဦး၊ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ရှေ့နေ ဦးဝင်းရွှေတို့ တက်ရောက်ခဲ့ပြီး သတ္တုတွင်းဝန်ကြီး
ဌာနမှ ဦးဇော်ကိုကိုတို့ တက်ရောက်ခဲ့ကြသည်။

မတ်လ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာန ပိုင်ဆိုင်သည့် မုံရွာကြေးနီ စီမံကိန်း၏ အစုရှယ်ယာ ၅ဝ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ရောင်းချခဲ့ရာ ငွေပေးချေမှု၌ ဦးပိုင်လီမိတက်က ပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတခုက ပေးချေသည်ဟု ရေးသားခဲ့ရာမှ သတ္တုတွင်း ဝန်ကြီးဌာန၏ တရားစွဲဆိုမှု ခံနေရခြင်း ဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. DKBA ထိန်းချုပ်နယ်မြေအတွင်း မူလတန်းအထိသာ ပညာသင်နိုင်ပြီး လိုအပ်ချက်များစွာရှိနေ
  2. စစ်တပ်နှင့် ရဲက သိမ်းထားသော မြေများအတွက် သမ္မတထံ ကြားဖြတ်အစီရင်ခံစာတင်ပြီး
  3. တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲမှအချက် ရှစ်ချက် ဆောင်ရွက်ရန် သဘောတူ
  4. ALD နှင့် RNDP ပေါင်း၍ “ရခိုင်အမျိုးသားပါတီ” အဖြစ် မှတ်ပုံတင်မည်
  5. အိန္ဒိယမှ နှလုံးနှင့် မျက်စိအထူးကုဆရာဝန်များ မြန်မာနိုင်ငံသို့ လာရောက်ကုသပေးရန် စီစဉ်
  6. လယ်ယာမြေပိုင်ဆိုင်ကြောင်း ပြေစာရရန် တစ်ဧက သုံးသောင်း ပေးနေရ
  7. မလေးရှား ဒုက္ခသည်စခန်းများရှိ မြန်မာလုပ်သားများ မြန်မာအစိုးရသို့ လွှဲပြောင်းပေးရန် ဆွေးနွေးထား
e-letter-burmese

Who is Online

We have 172 guests and 1 member online