ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဖားကန့် NLD ဥရုချောင်းနှင့် ရွေးကောက်ပွဲအရေး ဆွေးနွေး

ဖားကန့် NLD ဥရုချောင်းနှင့် ရွေးကောက်ပွဲအရေး ဆွေးနွေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်များ၏ လပါတ် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် ဥရုချောင်း ဆယ်ယူရေးကိစ္စများ ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြသည် ဟု သိရသည်။

မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော် မြို့နယ်များတွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ်
ရွေးကောက်ပွဲ ကျင်းပမပေးခဲ့ဘဲ ရွှေ့ဆိုင်းထားမှုကို ပြန်လည် ကျင်းပပေးနိုင်ရန်နှင့် ဥရုချောင်း မြစ်ရေလျှံမှုမှ ကာကွယ်ရေးကိစ္စများကို ဖားကန့်မြို့နယ် ပါတီရုံးတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ဖားကန့်မြို့နယ် မိုးတွင်းကျရင် ခံရမယ့်ဟာတွေပေါ့။ ဥရုချောင်း ပျက်စီးမှုကို ဝိုင်းဝန်းပြီးတော့ စုပေါင်းကာကွယ် လုပ်ဆောင်ဖို့ သက်ဆိုင်ရာကို တင်ပြဖို့။ ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲ သုံးနေရာ ပြန်လုပ်ပေးဖို့ ဗဟိုကို တင်ပြပြီးတော့ ဗဟိုကနေ ဆင့်ကဲ ပြန်တင်ပြဖို့ ဆုံးဖြတ်တယ်”ဟု NLD မြို့နယ်စည်းရုံးရေးမှူး ဦးဟန်မြင့်က ပြောသည်။

ဖားကန့်မြို့တွင် မိုးတွင်း နှစ်စဉ် ရေးကြီး၍ ရေလွှမ်းလေ့ရှိရာ မိုးမကျမီ ဥရုချောင်းအတွင်း ပိတ်ဆို့နေသော မြေစာများ ရှင်းလင်းရန်အတွက် NLD ဗဟိုဌာနချုပ်ကို တင်ပြသွားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

၁၉၉၄ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်အတွင်း ပိုမိုဝင်ရောက်လာသော ကျောက်တူးကုမ္ပဏီများက မြေဇာများကို ဥရုချောင်းထဲ စွန့်ပစ်ကြသဖြင့် ရေလမ်းကြောင်းများ ပိတ်ဆို့ရာမှ မိုးရာသီတွင် ရေလွှမ်းရခြင်း ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ပြောသည်။

၂ဝ၁၁ ခုနှစ် ဇူလိုင်လအတွင်းက ဖားကန့် လုံးခင်း၊ ဆိပ်မူ၊ နန့်မဖြစ်နှင့် ဖားကန့်မြို့ အောက်ဘက် ဆိုင်းတောင်
ကျေးရွာများတွင် ဥရုချောင်း ရေလျှံတက်လာကာ နေအိမ်အများအပြား ရေနစ်မြုပ်ခဲ့သည်။

ဥရုချောင်းတလျှောက်ရှိ ကျောက်စိမ်းတွင်းများမှ စွန့်ပစ် မြေစာများကြောင့် ချောင်းတိမ်ကောရပြီး စွန့်ပစ် မြေစာပုံများ ပြိုကျမှုကြောင်း ၂ဝ၁ဝ ခုနှစ် ဇူလိုင်လအတွင်း လူအနည်းဆုံး ၃ဝ ဦးခန့် သေဆုံးခဲ့ရသည်။

ဥရုချောင်းသည် မြောက်ဘက် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ကျောကန်တောင်တန်းသေမှ အစပြုကာ အနောက်မြောက်မှ
တောင်ဘက်သို့ စီးဆင်းလာပြီး ချင်းတွင်းမြစ်ထဲသို့ စီးဝင်သွားသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 181 guests online