စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒေါ်အောင်ဆန်းစုကြည် ဝါးသိင်္ခသို့ ရောက်ပြီ

ဒေါ်အောင်ဆန်းစုကြည် ဝါးသိင်္ခသို့ ရောက်ပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။   ။ ရန်ကုန်မြို့မှ ကော့မှူးမြို့နယ်သို့ စနေနေ့ ညနေပိုင်းက ထွက်ခွာ သွားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာသို့ ည ၇ နာရီ ဝန်းကျင်ခန့် အချိန်တွင် ချောမောစွာ ရောက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စည်းရုံးရေး ခရီးစဉ်များ ကဲ့သို့ပင် မိုင် ၄ဝ ကျော်ခန့် ကွာဝေးသည့် ခရီးစဉ်တလျှောက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် ယာဉ်တန်းကို ကြိုဆိုနှုတ်ဆက်သူ အများအပြားတွေ့မြင်ရကြောင်း ခရီးစဉ်တွင် လိုက်ပါသတင်းယူသည့် မဇ္ဈိမ သတင်းထောက်က ဆိုသည်။

“ကလေးတွေရော၊ လူကြီးတွေရော လမ်းတလျှောက်လုံး လိုလိုပဲ။ ည မှောင်တဲ့အထိ အိုးစည်ဗုံမောင်းတွေနဲ့ အဖွဲ့လိုက် အဖွဲ့လိုက် ကြိုကြတယ်” ဟု သတင်းထောက်က ဆိုသည်။

ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် တည်းခိုသည့် အိမ် အနီးတွင် သတင်းမီဒီယာများ စောင့်ဆိုင်းလျက် ရှိနေပြီး အနီးဝန်းကျင် ကျေးရွာများမှလည်း ပရိသတ် အများအပြား လာရောက်ကြောင်း သိရသည်။

“အန်တီတည်းတဲ့ အိမ်ရှေ့မှာ ဗီဒီယိုကင်မရာတွေ ဆင်ပြီး စောင့်နေကြတယ်။ သတင်းထောက်တွေက ရွာထဲမှာ နေရာအနှံ့ပဲ။ ရွာထဲက အိမ်တွေမှာ လိုက်တည်းတဲ့သူတွေလည်း ရှိတယ်။ ကားပေါ်မှာပဲ အိပ်မယ် ဆိုတဲ့ အဖွဲ့တွေလည်း ရှိတယ်။ သတင်းထောက်မှာ ပြည်တွင်း သတင်းထောက်တွေထက် နိုင်ငံခြားသား သတင်းထောက်တွေ ပိုများတယ်လို့ ထင်ရတယ်။ နိုင်ငံခြားသား သတင်းထောက် မရှိဘူးဆို ၇ဝ-၈ဝ လောက် အောက်ထစ်ရှိမယ်” ဟု မဇ္ဈိမ သတင်းထောက်က ပြောသည်။

ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိပြီး ကြိုဆိုစောင့်ဆိုင်းနေသူများကို ခေတ္တ နှုတ်ခွန်းဆက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် တည်းခိုသည့် အိမ်၌ အနားယူနေကြောင်း လုံခြုံရေးနှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် ကျေးရွာခံများ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်တိုင် မဲပေးရန်အတွက် ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာတွင် သန်းခေါင်စာရင်း ဝင်ရန် ဆုံးဖြတ်ခဲ့သေးသည်။ တိုင်းရင်းသား အရေးအတွက် ကရင်လူမျိုး အများအပြား နေထိုင်သည့် ဝါးသိင်္ခကျေးရွာကို ရွေးချယ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် သန်းခေါင်စာရင်း ပြောင်းလဲမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 106 guests online