ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပုလဲမှာလည်း မဲစာရင်းလွဲဟု NLD ဆို

ပုလဲမှာလည်း မဲစာရင်းလွဲဟု NLD ဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ကြားဖြတ်ရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် မဲပေးနိုင်သူဦးရေ ၁,၀၀၀ ကျော် မဲစာရင်းတွင် ပါမလာကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်း က ပြောသည်။

ပုလဲမြို့နယ်တွင် မဲပေးနိုင်သူဦးရေ ၈ဝ,ဝဝဝ ကျော် ရှိသည့်အနက် မဲပေးနိုင်သော်လည်း မဲစာရင်းထဲ မပါဝင်သည့် မဲဆန္ဒရှင် ၁,ဝဝဝ ကျော်ရှိသည်ဟု ပုလဲမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း
ဒေါ်ခင်စန်းလှိုင်က မဇ္စျိမကို ပြောသည်။

“ကွာဟတာတွေ ရှိတယ်။ မဲစာရင်းမှာ လူကျန်ခဲ့တာပေါ့။ နောက်တမျိုးက ကျတော့ သေဆုံးသူတွေကို မဲစာရင်းမှာ ထည့်ထားတာ။ အသက် မပြည့်သူတွေကိုလည်း မဲစာရင်းမှာ ထည့်ထားတယ်။ ဥပမာ အိမ်ထောင်စုတွေထဲမှာ မဲပေးနိုင်သူ ငါးယောက် ရှိတယ်။ သုံးယောက်ပဲ ပါတယ်။ အသက် ၁၈ နှစ် ပြည့်ပြီးတော့လည်း မဲစာရင်းထဲ ထည့်ပေးမထားဘူး။ အချို့ရွာတွေဆို ရာနဲ့ချီ ရှိတယ်” ဟု ပြောသည်။

၂ဝ၁ဝ ရွှေးကောက်ပွဲတုန်းက မဲစာရင်းအတိုင်း မဲစာရင်းပြုစုထားပြီး ၂ဝ၁၂ ခုနှစ်တွင် မဲပေးနိုင်သည့် အသက် ၁၈ နှစ် ပြည့်သွားသူများအား မဲစာရင်းတွင် ထည့်သွင်းပေးမထားခြင်းကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
 
စစ်ကိုင်းတိုင်းအတွင်း လစ်လပ်နေရာ ငါးနေရာလုံးတွင် မဲစာရင်းကွာဟမှုများ၊ လွှဲချော်မှုများ ဖြစ်ပွားနေသည့်အတွက် မဲစာရင်းများအား အလျှင်အမြန် ပြုစုခဲ့ပြီး ပြည်ထောင်စုရွှေးကောက်ပွဲ ကော်မရှင်သို့ မတ်လ ၂၄ ရက်နေ့က တင်ပြထားကြောင်းနှင့် ကော်မရှင်အား တိတိကျကျ မေးမြန်းသွားမည်ဟု ဒေါ်ခင်စန်းလှိုင် က ဆိုသည်။

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှ NLD၊ ကြံ့ခိုင်ရေးနှင့် ပြည်သူ့ ဒီမိုကရေစီပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကြံ့ခိုင်ရေးကိုယ်စားလှယ် ဦးဌေးနိုင်မှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ၏ ယောက္ဖတော်စပ်သူဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 150 guests online