သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကချင်ပြည်နယ် ရွေးကောက်ပွဲ မကျင်းပသည့်အပေါ် အမတ်လောင်းများ ဝေဖန်

ကချင်ပြည်နယ် ရွေးကောက်ပွဲ မကျင်းပသည့်အပေါ် အမတ်လောင်းများ ဝေဖန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုတော့ချိန်မှ လုံခြုံရေး အကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများ ကျင်းပတော့မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ခြင်းမှာ မရိုးသားသော လုပ်ရပ်ဟု လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာက ဝေဖန်လိုက်သည်။

ကချင်ပြည်နယ်အတွင်း လစ်လပ် မဲဆန္ဒနယ်များ ဖြစ်သည့် ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း မြို့နယ်များတွင်
ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် သောကြာနေ့ ညနေပိုင်းတွင် ကြေညာခဲ့ခြင်း ကို ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"ကျမတို့ကိုလည်း ဘာမှ အကြောင်းမကြားဘူး။ ဒါက ရိုးသားမှု မရှိဘူး။ လုံခြုံရေးက ဘာမှ မဖြစ်ပါဘူး။ ကျမတို့လည်း ညညနေ့နေ့ ဒီအတိုင်း သွားလာနေတာပဲ။ ဘာ အနှောက်အယှက်မှ မရှိပါဘူး။ ဖားကန့်မှာ ကျမက လုံးဝနိုင်နိုင်ပါတယ်။ အဲဒါကို ဒီလိုလုပ်တယ် ဆိုတော့ ဒါ သက်သက်လုပ်တဲ့ သဘောပါ" ဟု ဖားကန့်မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစု NDF လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာ က မဇ္ဈိမကို
ပြောသည်။

မိုးကောင်းမြို့နယ်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာတူးဂျာ
ကလည်း ၎င်း၏မဲဆန္ဒနယ်တွင် လုံခြုံရေးအတွက် စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း၊ ရွေးကောက်ပွဲ ဖျက်သိမ်းခြင်း
နှင့် ပတ်သက်၍လည်း မြို့နယ်ကော်မရှင်မှ ၎င်းထံ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ပြောသည်။

"ဒီမှာကတော့ စိုးရိမ်စရာဘာမှ မရှိပါဘူး။ လုံခြုံရေး စိုးရိမ်လောက်တဲ့ အခြေအနေတော့ မရှိဘူး။ အခုကတော့ မဲရုံအခြေအနေတွေကတော့ တည်ငြိမ်အေးချမ်းမှုရှိပါတယ်။ ကျနော်ကတော့ ဒီလိုပဲ နေရုံပဲပေါ့ဗျာ။ ဘာမှ မတတ်နိုင်တော့ဘူး။ အာဏာပိုင်တွေလုပ်တဲ့ အလုပ်ဆိုတော့လည်း ကျနော့်အနေနဲ့ ဘာမှ မတတ်နိုင်ဘူး။ ဒီလိုပဲ နေရုံရှိတယ်" ဟု မဇ္ဈိမကို ပြောသည်။

ကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု ကြေညာခဲ့သည့် ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဗန်းမော် မြို့နယ်များအနက် ဖားကန့်မြို့တွင် မဲရုံပေါင်း ၇၁ ရုံ၊ မိုးကောင်းမြို့တွင် မဲရုံပေါင်း ၆၅ ရုံ တို့ကို ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ပြင်ဆင်ပြီး ဖြစ်သည်ဟုလည်း သိရသည်။

ဖားကန့်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ကြံ့ခိုင်ရေးပါတီ၊ NDF ပါတီနှင့် မိုးကောင်းမြို့နယ်တွင် NLD၊ ကြံ့ခိုင်ရေး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ NDF ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ထားကြခြင်း ဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 132 guests online