သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ထိုင်းနှင့်မြန်မာ ယှဉ်သည့် ဦးသုဝေ၏ အသံလွှင့်ချက် အပယ်ခံရ

ထိုင်းနှင့်မြန်မာ ယှဉ်သည့် ဦးသုဝေ၏ အသံလွှင့်ချက် အပယ်ခံရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းနှင့်မြန်မာ လူနေမှု အဆင့်အတန်းတို့ နှိုင်းယှဉ်ကာ မြန်မာတို့ နိမ့်ကျနေကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ အသံလွှင့်ရန် ပြင်ဆင်ထားသည့် ပါတီမူဝါဒ၊ သဘောထားများကို ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချလိုက်သည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြော သည်။

အသံလွှင့်ရန်အတွက် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားပြီး မတ်လ ၄ ရက်နေ့တွင် ကော်မရှင်မှ ပယ်ချခံခဲ့ရကြောင်း ဦးသုဝေက ပြောသည်။

“အကြောင်းပြချက်ကတော့ ပထမ ဆောင်းပါးနှစ်ပုဒ်ကို ဖတ်ကြည့်ပြီးတော့မှ ဒါဟာ သူတို့ရဲ့ မူဝါဒနဲ့ မကိုက်ညီလို့ ပယ်တယ်လို့ပဲ ရေးထားတာပေါ့။ သူတို့ကို ထိခိုက်တယ်လို့ ယူဆသလား မသိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

မတ်လ ၉ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် ဟောပြောရန် ပြင်ဆင်ထားသည့် ပါတီမူဝါဒ ဆောင်းပါး နှစ်ပုဒ်လုံး အပယ်ခံခဲ့ရသည်ဟုလည်း ဦးသုဝေက ပြောသည်။

“မြန်မာပြည်နဲ့ ထိုင်းနဲ့ နှိုင်းယှဉ်ပြတာပေါ့ဗျာ။ ကိုယ်ဝန်ဆောင်တွေရဲ့ အခြေအနေ၊ မွေးလာတဲ့ ကလေးတွေရဲ့ လူနေမှု အဆင့်အတန်း၊ နောက် ကျောင်းသား အရွယ် အခြေအနေ၊ အလုပ်အကိုင် အခြေအနေ၊ လူအိုအရွယ် အခြေအနေ
တွေမှာ နှိုင်းယှဉ်ပြီးတော့မှ ကျနော်တို့ တိုင်းပြည်က ဘယ်လောက်လိုသေးတယ်၊ ကျနော်တို့အားလုံး ပြုပြင်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာပါ” ဟု ပြောသည်။

ဤသို့ ပယ်ဖျက်လိုက်ခြင်းကြောင့် အသစ် ပြန်လည်ရေးသားခဲ့ရပြီး ဆောင်းပါး အသစ်ကို ဗုဒ္ဓဟူးနေ့က နေပြည်တော်
မြန်မာ့အသံတွင် အသံသွင်းပြီး ဖြစ်သည်ဟုလည်း သိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့သည် ယင်းတို့ပါတီများ၏ မူဝါဒ သဘောထားများကို ယခုလ ၉ ရက်နေ့နှင့် ၁၇ ရက်နေ့များ ဟောပြောခွင့် ရရှိမည်ဖြစ်သည်။

ဦးသုဝေက သူပြောကြားမည့် ပါတီမူဝါဒ သဘောထားများ ပယ်ဖျက်ခံရမှုကြောင့် ဖေဖေါ်ဝါရီလ ၇ ရက်နေ့
အောက်လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ပြုပြင်ပြောင်းလဲရေးများ ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ လုပ်ဆောင်ရန် တိုက်တွန်း သွားချက်ကို ကိုးကားကာ “အခုဖြစ်တာကိုပဲကြည့်ဗျာ။ ပြုပြင်ပြောင်းလဲရေးက သိပ်နှေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင် လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေကြတာ။ အဲဒါကြောင့် ကျနော်တို့က သူတို့ကိုတော့ သိပ်ပြီးတော့ အပြစ်မပြောချင် ဘူး။ ဒါပေမယ့် ကျနော်တို့ လုပ်ချင်တာကတော့ မြန်မြန်ပြောင်းချင်တယ်။ ဒါပေမယ့် မဖြစ်သေးဘူး” ဟု မဇ္ဈိမကို
ပြောသည်။

DPM ဥက္ကဋ္ဌ ဦးသုဝေသည် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီမှ (ယခု အလုပ်သမားဝန်ကြီး) ဦးအောင်ကြည် အား ရှုံးနိမ့်ခဲ့သည်။ ယခု ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အဆိုပါ မဲဆန္ဒနယ်တွင်ပင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဒီမိုကရက်တစ် (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ် တို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ် သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 508 guests online